Sunday, October 5, 2008

ချင်းမိုင်နေ့ စွဲများကိုဘာသာပြန်ခြင်း(၃)

ဘလော့ဂါ မမများဖြစ်ကြသည့် ဒေါ်ပန်းပုံပြင် နှင့် ဒေါ်အလွမ်းပြေ တို့ ကြိုတင်စီစဉ်ထားသည့် အဝေပြေး ကားကြီးသည် ဂလိုဘယ်တို့ အုပ်စုကို အလှအချောတွေ ပေါများလှတဲ့ ပန်းမြို့ တော်ချင်းမိုင်မြို့  သို့ ဆက် လက်ချီတက်ရန် ဆိုက်ရောက်လာ ပါတော့သည်။ ထိုင်းနိုင်ငံ အတွင်းပြေှးဆွဲသော အဝေးပြေးကားများသည် မြန်မာပြည်တွင် သယ်ယူပို့ ဆောင် ပေးနေသော အဝေးပြေးကားများထက် အလျားမသိမသာ တိုသရောင် ရောင်ရှိပါသည်။ သို့ သော်ကား၏ အမြင့်ကတော့ ဂလိုဘယ်တို့ နိုင်ငံကကား တွေထက်နှစ်ဆနီးပါး မြင့်ပါသည်။ လေဆိပ်အတွင်းတွင် တာဝန်ကျသည့် ထိုင်းယာဉ်ထိန်းရဲသည် ဂလိုဘယ်တို့ အုပ်စု အန္တရာယ် ကင်းရှင်းစွာ ကားပေါ်တက် နိုင်ရန်အတွက် အခြားယာဉ်များကို ကျင်လည်စွာ ထိန်းကျောင်း ပေးလျှက် ရှိပါသည်။ ကားပေါ်ကိုတက်တက်ခြင်း ဂလိုဘယ်တို့  အုပ်စုကို လမ်းခရီးတလျှောက် အကူအညီပေးမည့် ထိုင်းအမျိုးသားလေးတစ်ဦးက အချိုးအစားကျနသော ယူနီဖောင်း ကိုဝတ်ဆင်ပြီး ပန်းဆီရောင် နှုတ်ခမ်းနီကို မရဲတရဲဆိုးထားကာ မိတ်ကပ်အဖွေးသားဖြင့် ချိုသာစွာနှုတ်ဆက်ပါသည်။

မင်္ဂလာပါ….

အကူအညီပေးမည့် ကိုကိုချောက ပြုံးချိုစွာ ကနွဲ့ ကယနှုတ်ဆက် သော်လည်း ဂလိုဘယ်ခင်ဗျာ မပြုံးနိုင်ပါ။ ဂလိုဘယ်နှလုံးသား ထဲကိုပြေးဝင်လာသော မေးခွန်းများကို ဦးနှောက်ကလိုက် ဖြေနေရသောကြောင့် ဖြစ်ပါသည်။ “တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက် ခြင်းသည် အဘယ်နည်း” “ဖွံ့ ဖြိုးခြင်း ကိုရောက်ဖို့  ဘာတွေပေး ဆပ်ရမည်နည်း၊ ဘာတွေရင်းနှီး ရမည်နည်း” ဂလိုဘယ်မသိပါ။ တိုင်းပြည် ဖွံ့ ဖြိုးခြင်းသည် လူသားများကို လွတ်လပ်စွာ ရွှေးချယ်စရာ များများပေးခြင်း မပေးခြင်းနှင့် ဆိုင်ပါသလော၊ ယောကျာ်းသည် မိန်းမဖြစ်ထိုက် ခွင့်ရှိပါသလော၊ ထိုအကြောင်းအရာ များကိုလူ့ အခွင့်အရေး ထဲစွဲထည့်ရ မည်လား။ ဂလိုဘယ် မစဉ်းစား တက်ပါ။ မသိပါ။ ထိုသို့ ခေါင်းပူ ခေါင်းရှုပ် သည့်မေးခွန်းများ အဖြေများ မသိခြင်းများကို မျက်ကွယ်ပြုပြီး ကားကဖွင့် ထားတဲ့ အေးစိမ့်တဲ့ အဲယားကွန်းအရသာ၊ ညက်ညောလှတဲ့ ထိုင်ခုံကြီးများ၊ အထစ်အငေါ့ မရှိတဲ့ အဝေးပြေး ကားလမ်းမကြီး၊ တို့ ၏ ကောင်းမွန်ခြင်း များကိုသာ သာယာနေရင်း ကိုကိုချော ပေးထားသော ခြုံထည်စောင် ကိုသာခြုံရင်း နောက်နေ့  နံနက်မှရောက်မည့် ချင်းမိုင်မြို့ ၏ အလှများကိုသာ စိတ်ကူးယဉ်ရင်း ခေတ္တအနားယူ အိပ်စက်လိုက် ပါတော့သည်။ (ဆက်ပါဦးမည်)

3 comments:

မသက်ဇင် said...

“တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက် ခြင်းသည် အဘယ်နည်း” “ဖွံ့ ဖြိုးခြင်း ကိုရောက်ဖို့  ဘာတွေပေး ဆပ်ရမည်နည်း၊ ဘာတွေရင်းနှီး ရမည်နည်း” ဂလိုဘယ်မသိပါ။ တိုင်းပြည် ဖွံ့ ဖြိုးခြင်းသည် လူသားများကို လွတ်လပ်စွာ ရွှေးချယ်စရာ များများပေးခြင်း မပေးခြင်းနှင့် ဆိုင်ပါသလော

ဂလိုဘယ်ရေ----
စာတွေလာဖတ်တယ်----
အထက်ပါစာပိုဒ် လေးကိုသဘောကျတယ်---
ဖြစ်နိုင်ရင်---ဆက်ရေးမဲ့ အထဲမှာ ဖေါ်ပြပေး
စေချင်ပါတယ်---
ခင်မင်လျက်
မသက်ဇင်

မသက်ဇင် said...

အဆက် များတင်ထားသလားလို့ လာကြည့်တာပါရှင်---
ဂလိုဘယ် ရေးတဲ့
ချင်းမိုင် နေ့စွဲကို စိတ်ဝင်စားနေပါတယ်--

ဇင်ယော် said...

ကိုကိုချောက မျက်စောင်းလေးထိုးပြီး နှုတ်မဆက် လိုက်ဖူးလားဗျာ။ အဟဲ