Sunday, September 28, 2008

အိုင်တီကိုကျော်ကြည့်ခြင်း(၂)

အရှုပ်တွေအရမ်းများနေလို ဘလော့ဂါကမ္ဘာထဲ မရောက်တာဖြင့် တော်တော်ကြာလို့ နေပါပြီ။ ကိုကိုဖရီးရဲ့ မေးခွန်း များကို လည်းမဖြေဖြစ်ခဲ့ပါ။ သို့ သော်ကိုကိုဖရီးက ဒိုင်ယာလော့ကို ဆက်မလုပ်ရင် မတိုက်တော့ဘူး လိုံအညှာကိုင် သဖြင့် သောက်ချင်လွန်းလို့ ဖြေလိုက်ရပါသည် ဘလော့ဂါအပေါင်းတို့ ရေ......

ကိုကိုဖရီး။ ။ နည်းပညာဟာ လူတိုင်းသုံးစွဲ သင့်တယ်ဆိုပေမယ့် ဘတ်ဂျတ်အင်အား နည်းလွန်းလှတဲ့ အစိုးရတွေအတွက် ဘယ်လိုမျိုးဆောင် ရွက်ပေးနိုင်မယ် ထင်ပါသလဲခင်ဗျာ။

ဂလိုဘယ်။ ။ ဟုတ်ပါတယ် ကိုကိုဖရီးရေ။ ဘတ်ဂျတ်အင်အား နည်းလွန်းတဲ့အစိုးရ တွေဟာဖြင့် ဒီနေရာမှာ နိုင်ငံတကာရဲ့ အကူ အညီကိုယူကို ယူရမှာဖြစ်ပါတယ။် သို့ သော် နိုင်ငံက နိုင်ငံတကာအ သိုင်းအ၀န်းနဲ့ အထီးကျန်ဆန်လွန်း နေရင်တောလည်း ဖွံ့ ဖြိုးမှုနှေး ကွေးနေမှာပေါ့၊ အခုလို့ တစ် ကမ္ဘာလုံးနီးပါး ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ နည်းပညာမပါရင် နောက်ကျကျန်ခဲ့ မှာကိုတော့ ငြင်းစရာမလို့ တော့ဘူးလို့ ထင်ပါတယ် ကိုကိုဖရီးရေ၊ နောက်ဆုံး မှာတော့ နိုင်ငံခေါင်းဆောင်တွေရဲ့  ပညာကြီးမှုရေချိန်ကို ပဲတိုင်း တာရတောမှာပဲ၊ တိုင်းပြည်ချစ်စိတ်နဲ့ ကမ္ဘာဖြစ်စဉ်ကြီးကို သုံးသပ်ပြီးတိုင်းပြည် တိုးတက်အောင်အစဉ် ကြိုးစားနေသင့်တာပါ။ မျက်ကွယ်ပြုထားရင်တော့ ရင်နာစရာကြီးပေါ့။

ကိုကိုဖရီး။ ။ လူငယ်များကြား အိုင်တီကိုသာဦးစား ပေးလာခဲ့မယ်ဆိုရင် အခြားသောဘာသာရပ် တွေမှာ အားနည်းမှုတွေရှိလာနိုင်လို့ ကဏ္ဍစုံဖွံ့ဖြိုးမှုဆိုတာမျိုးက ခက်နေမလားလို့။ ပြန်ဆွေးနွေးပေးပါအုံးခင်ဗျာ။

ဂလိုဘယ် ။ ။.......ကျွန်တော်တို့ ဖြစ်သင့်တာက အိုင်တီကို ဦးစားပေး ရမှာမဟုတ်ပါဘူး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ အိုင်တီကို လက်နက်သဖွယ် ကောက်ယူ သုံးစွဲဖို့  ပဲ့ဖြစ်သင့်တယ် ကိုကိုဖရီးရေ။ အကောင်းအဆိုး ရောထွေးနေတဲ့ အိုင်တီကြီးကို ဘယ်လိုသုံးစွဲရ မယ်ဆိုတာကိုသာ ကျွန်တော်တို့  ကျယ်ကျယ်ပြန့် ပြန့် အသိပေးဖို့ ပါပဲ ကိုကိုဖရီးရေ….(ဆက်ပါအုံးမည်)

1 comment:

Unknown said...

Good....! Nice Post :)