Wednesday, September 17, 2008

ချင်းမိုင်နေ့ စွဲများကိုဘာသာပြန်ခြင်း (၂ )

မြန်မာတွေ၏ စည်းလုံးမှု၊ ဖေါ်ရွှေမှုများကို ပီတိဖြစ်ရင်း ဂလိုဘယ်တို့ စီးမည့် ထိုင်းတော်ဝင် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်သို့ တက်ခဲ့ပါသည်။ ဆရာချစ်ဦးညိုတို့ အဖွဲ့ ကိုများပြားလှ သောခရီးသယ်များကြားတွင် မတွေရတော့ပေ။ လေယာဉ်ပေါ်ကို ရောက်လို့ မှာမကြာသေး အချိန် တိကျလှသောလေယာဉ်ကြီးက ရန်ကုန်လေဆိပ်သစ်ကြီးကို စတင်နှုတ်ဆက်ထွက်ခွာပါတော့သည် လေယာဉ်ပြေးလမ်းပေါ်ရောက်သည်နှင့်တပြိုင်နက် ကြီးမားလှသော ပရိုဂျက်တာကြီးဖြင့် ရောက်ရှိ သည့်နေရာ၊ အချိန်၊ လေယာဉ်ပြန်နေသောအမြင့် တို့ ကိုအဆက်မပြတ်ပြပါတော့သည်။ သန့် ရှင်း လှပသော ထိုင်းလေယာဉ်မယ်များက ၀န်ဆောင်မှုဆိုသည့်သဘောသဘာဝကို ပြည့်စုံအောင်အ နက်ဖွင့်ဆိုပါသည်။ ရောက်မည့်အချိန်ကို ကြိုသိရှိနိုင်သလို၊ ရောက်နေသည့်နေရာကိုလည်းတိုက် ရိုက်ကြည့်ရှုနိုင်ပါသည်။ ဒီကြားထဲ ဂလိုဘယ်ကမဆီမဆိုင် “အချိန်မေးခြင်းသီးခံပါ” ဆိုသည့်စာ သားလေးကို သတိရမီပါသေးသည်။ ဂလိုဘယ်တို့  လေယာဉ်ကြီးသည် ရှမ်းကုန်းပြင်မြင့် ကပ္ပလီပင်လယ်ပြင်တို့ ကို ဖြတ်ကြော်ပြီး နောက်မြို့ ကြီးတစ်မြို့ ကို လေယာဉ်ပေါ်မှ လှမ်းမြင်ရပါ သည်။ ကြီးလိုက်တဲ့မြို့ ကြီးဟု ဂလိုဘယ်ထင်မိပါသည် သို့ သော်ထိုအရာသည်မြို့ မဟုတ်ပါ။ ထိုင်း နိုင်ငံ၏ သုဝဏ္ဏဘူမိ လေဆိပ်သစ်ကြီးပင်ဖြစ်ပါတော့သည်။ မြန်မာပြည်က လေယာဉ်နှစ်စီးစာ လောက်သာတချိန်တည်းဆိုက်ကပ်နိုင်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး ခမ်းနား ပုံကိုပြောမိသည့် ဂလိုဘယ် အခုတော့ဖြင့် ပျားအုံးကြီး တစ်အုံလို ပျားများဝင်ထွက်သွားလာ လှုပ်ရှားနေ သကဲ့သို့  သဏ္ဍန်တူသည့် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်သစ်ကြီးကို မြင်တော့မှ ဂလိုဘယ် လှန့်် ဖြန့်် သွားသည်။

“အား….သေပြီဆရာ”

ဟုတ်ပါသည်။ ကျွန်တော်ဂလိုဘယ် ၀ါးလုံးခေါင်းထဲ လသာနေခြင်းသာဖြစ်ပါသည်။ ထိုင်း လေဆိပ်သည်ကြီးမကြီးတော့မသိ ဂလိုဘယ်တို့ လေယာဉ်ဆိုက်သည့်နေရာနှင့် အိပ်ယူရမည်နေ ရာကို အသင့်စောင့်ကြိုနေသည့်ကားများ ၁၅ မိနစ်ခန့် သွားရပါသည် ရွေးရမည့်နေရာရောက် တော့ ဂလိုဘယ်တို့ အိပ်တွေကအဆင်သင့် ရောက်နေသည် ဘယ်ကနေဘယ်လိုရောက်လာ လည်းမသိ၊ အဆင်သင့်လိုက်တာ။ ကိုယ့်အိပ်ကိုဆွဲပြီး ဘေးဘီလိုက်ကြည့်လိုက်တော့ များပြားလှ တဲ့ဆိုင်တွေ၊ များပြားလိုက်တဲ့လူတွေ။ ရန်ကုန်တုန်းက ဗိုက်ဆာလို့ ဆိုင်လိုက်ရှာလိုက်တာ ကော်ဖီ သာရတဲ့ ဆိုင်တစ်ဆိုင်ကလွှဲလို့ ဘာဆိုင်မှမရှိ အခုတော့များလွန်းလို့ ဂလိုဘယ် တို့ ဘယ်ဆိုင်ရွေး ရမှန်းတောင်မသိတောဘူး။ လူတွေကို ရွေးခြယ်စရာများများပေးထားခြင်းသည် အဘယ်သို့ နည်း ခရီးရောက်မဆိုက် ဂလိုဘယ်ခေါင်းထဲ မေးခွန်းတွေကပြစ်ဝင်လာပါသည်။ ဂလိုဘယ်မဖြေနိုင်သေး။ တိုက်ရိုက်လေကြောင်းသာရှိရင် သုဝဏ္ဏဘူမိသို့ ခြေချခွင့်ရဦးမည်မဟုတ်။ ပျားပန်းခတ်မျှသောဝင် ထွက်သွားလာနေကြသည့် လေယာဉ်ပျံများကိုကြည့်ရင်း ထိုင်းနိုင်ငံ၏ နိုင်ငံတကာအ၀န်းအ၀ိုင်း မည်မျှကျယ်နေသည်ကို လက်တွေ့ မျက်ဝါးထင်ထင် ကြုံလိုက်ရသည်။ ရန်ကုန်-ချင်းမိုင် တိုက်ရိုက် ပျံသန်းသည့် အဲမန္တလေးရပ်နားသွားခြင်းကိုသာ အထူးတလည်ကျေးဇူးတင်မိရင်း အထီးကျန်နေသည့် ဂလိုဘယ် တို့ ၏မွေးရပ်မြေကို သာလွမ်းဆွတ်လို့ နေပါတော့သည်။ မကြာမှီ ဂလိုဘယ်တို့ ကိုလာကြို တဲ့ဘလော့ဂါမမ ပန်းပုံပြင်နှင့် မအလွမ်းပြေ တို့ အူရားဖားရား ရောက်လာပါသည်။ သြော် ဂလိုဘယ် တို့ ချင်းမိုင်ကို ခရီးဆက်ရဦးမည် မဟုတ်ပါလား….(ဆက်ပါဦးမည်)

No comments: