ယခု ဂလိုဘယ်တွင် ငွေကြေးဖြင့် ပြန်လည်မဆပ်ရန် မဖြစ်နိုင်သည့် အကြွေးများစွာ တင်ရှိနေပါသည်။ လူများသည် လူ့လောကကို ရောက်ကတည်းက အကြွေးပါလာသလို ဂလိုဘယ်လည်း ဘလော့ လောကကို ၀င်ရောက်လာကတည်းက အကြွေးများပါရှိလာရာ ယခု အတော့ကို ထူနေပါသည်။ ဘလော့ဂါ မိတ်ဆွေများ တက်ခ် ထားသည့် ပိုစ့်အကြွေးများကို မရေးနိုင်သေးခြင်း၊ ချင်းမိုင်ခရီးကို မဆက်နိုင်သေးခြင်း၊ ကိုကိုဖရီးနှင့်ဒိုင်ယာလော့ တွင် ကိုကိုဖရီးကရေးပြီး ပို့ ထား ပြီးဖြစ်သော်လည်း ကျွန်တော်ဂလိုဘယ်၏ ဘက်က မဖြေနိုင်သေးသဖြင့် ဒိုင်ယာလော့ ကို မတင်ဖြစ်သေးခြင်း၊ ချင်းမိုင်ခရီးတွင် ပါရှိသည့်မေးခွန်းများကို ဖြေဆိုရန် ပြင်ဆင်ထားသည့် ပိုစ့်အသစ်ကို အပြီးမသတ်နိုင် သေးခြင်း၊ ယခင်က အပတ်စဉ်ရေးရန် ဦးတည်ထားခဲ့သော “သတင်းများနှင့်ကခုန်ခြင်း” ပိုစ့်ကို နှစ်ပုဒ်မျှသာ ရေးသားဖြစ်ခဲ့ ခြင်း၊ အခြားဘလော့ဂါ မိတ်ဆွေများထံသို့  အလည်သွားရန် ပျက်ကွက်မိခြင်း စသည့် ဘလော့ဂါ အကြွေးများနှင့် ချာချာ လည်နေစဉ်၊ တဖက်ကလည်း ကျောင်းစာ အကြွေးများဆပ်ရန်ကလည်း သေရေး၊ ရှင်ရေးတမျှ အရေးကြီးနေပြန်၊ ဒီကြား ထဲ့ (၄)ရက်ခရီး ကလည်းထွက်ရ အုံးမယ်ဆိုတော့၊ မလွယ့်မလွယ် မလွယ်ကူလှပါ။
သို့ သော် အကြွေးများကိုတော့ တပ်နိုင် သလောက်ဆပ်ရမည်။ တာဝန်ရှိသည်။ သံသရာ အကြွေးဆပ်ဖို့  လူ့ လောကကို ရောက်လာတဲ့ ဂလိုဘယ် လတ်တလော့ တင်နေသည့် အကြွေးတွေကို ဆပ်ရတာ လာရင်းအကြောင်း ကိုတောင်မေ့လျော့လို့  နေပါပြီ။ တော်သေးတာပေါ့ မဆုမွန် က လူ့ လောက ကနေပြန်မထွက်ခင် (၁၀)ရက် အချိန်ပေးထားလို့  တော်သေးတယ်။ ကျေးဇူးပဲ မဆုမွန်ရေ သံသရာကပါ လာတဲ့ အကြွေးတွေကို သေခါနီး (၁၀) အလိုမှပဲ ဆပ်လိုက်တော့မယ်။ လောလောဆယ်တော့ ဘလော့ဂါ အကြွေးက အရေးကြီးတယ်ဗျို့ ၊ တော်ကြာ ထွန်းတောက်နေတို့ ၊ ကိုသင်ကာတို့ ၊ ဟန်သစ်ငြိမ်တို့ ၊ ကိုကိုဖရီးတို့  ကလာတောင်း မှ ဖြင့် ကျွန်တော် ဂလိုဘယ် ပြေးပေါက်မှားပြီး ယမကာဝိုင်းထဲ ရောက်သွားအုံးမယ် ဆပ်အုံးမှ..ဆပ်အုံးမှ အကြွေးတွေ… ဆပ်နိုင်မှ တော်ကာကြမယ်ဗျို့ ။