Wednesday, October 8, 2008

ချင်းမိုင်နေ့ စွဲများကိုဘာသာပြန်ခြင်း(၄)

လူပေါင်းသုံးဆယ်ကျော် သယ်ဆောင်လာသော ဗန်ကောက်-ချင်းမိုင် သွားအဝေးပြေး ကားကြီးသည် ညလယ်စာ စားသောက်ရန် အဝေးပြေး လမ်းဘေးတစ်နေရာရှိ စားသောက်ဆိုင်သို့  ဆိုက်ရောက်ခဲ့ပါသည်။ ဂလိုဘယ်တို့  အုပ်စုသည် ညလယ်စာကို ဘူးဖေး ပုံစံဖြင့်စားခဲ့ ကြပါသည်။ စားသောက်ဆိုင်နှင့် ကပ်လျှက်တွင် စတိုးဆိုင် တစ်ဆိုင်ရှိပါသည်။ ထိုဆိုင် သည် သကြားလုံးမှပြီး ချက်ပြုတ်စားသောက်စရာ အသား၊ငါး အထိရပါသည်။ နှစ်ဆယ့်လေး နာရီမပြတ်ဖွင့် ထားပါသည်။ အဝေးပြေး ကားကြီးသည် ဂလိုဘယ်တို့  အုပ်စုကို ညလယ်စာအတွက် နာရီဝက်မျှ အချိန်ပေးပြီးနောက် ဆက်လက်ထွက် ခွာခဲ့ပါသည်။ဂလိုဘယ်တို့  တသိုက်သည် နံနက် (၇)နာရီ ကျော်ကျော်လောက်တွင် (၃)လတာ တည်းခိုမည့် ဟိုတယ်သို့ ရောက်ခဲ့ ပါသည်။ ဟိုတယ်ဝန်ထမ်း နှစ်ဦးသည် ဂလိုဘယ်တို့  အုပ်စုကိုဆီးကြို နှုတ်ဆက်ပါသည်။ “မင်္ဂလာပါ” ။ ဟိုတယ်မှာတာဝန် ကျဝန်ထမ်း နှစ်ဦးတွင် တစ်ဦးသည် အမျိုးသမီးဖြစ်ပြီး နောက်တစ်ဦးသည် ကိုကိုချော ဖြစ်ပါသည်။ တွေ့ ပြန်ပြီ ကိုကိုချော နောက်ထပ် တစ်ဦးနဲ့  တလမ်းလုံးလည်း ကားပေါ်ပါ ကိုကိုချောရဲ့  ၀န်ဆောင်မှုများ ဖြင့်လာခဲ့ရသည်။ အခုလည်း ဟိုတယ် ရောက်တော့ ကိုကိုချောရဲ့  ပြုံးချိုမှုများကဆီး ကြိုနေသည်။

ဂလိုဘယ် နည်းနည်းတော့ လန့် လာသည်။ ဂလိုဘယ်တို့ နိုင်ငံ တွင် အမျိုးသမီးဦးရေ နှင့် အမျိုးသားဦးရေ (ကျား၊မ) ကိုသာ အချိုးချ ကြတာများသည်။ ထိုင်းနိုင်ငံ တွင်အမျိုးသားဦးရေ၊ အမျိုးသမီးဦးရေ အပြင် ကိုကိုချောဦးရေ ကိုပါထည့် သွင်းစဉ်းစား ရမလိုဖြစ်နေသည်။ဂလိုဘယ်တို့ ကို ကိုကိုချောကပင် နေရမည့်အခန်း များကိုလိုက်လံ ပို့ ဆောင်ပေး ပါသည်။ အခန်းရောက် တော့ပါလာ သည့် အိတ်ကြီး၊ အိတ်ငယ် များကိုနေရာချ၊ ကိုယ်နဲ့ တွဲနေမည့် အခန်းဖေါ်ကို မိတ်ဆက်ပြီးနောက် ရေမိုးချိုးကာ ခရီးပန်းသမျှကို အိတ်စက်ခြင်းဖြင့် ဖြေဖြောက်ရပါတော့သည်။ သို့ သော်ကြာကြာ မအိပ်ရ စာလောင်မှုက ဂလိုဘယ်ကို အသံပြု နှုတ်ဆက်ပါသည်။ ထို့ ကြောင့် ဆာလောင်မှုကို ဖြေသိမ့်ရန် သော်လည်းကောင်း ချင်းမိုင်၏ အချောအလှ၊ ပတ်ဝန်းကျင်၏ သဘောသဘာဝ ကိုစူးစမ်းရန်အတွက်သော် လည်းကောင်း ဂလိုဘယ်တို့  တသိုက်သည် ထမင်းဆိုင် ရှာပုံတောင် ဖွင့်ခဲ့ပါတော့သည်။ ဟိုတယ်ကထွက်ထွက်ခြင်း စတင်တွေရသည်က (7 Eleven) စတိုးဆိုင်ကြီး တစ်ဆိုင်ကို တွေ့ သည်။ ဂလိုဘယ် ၀င်စပ်စုကြည့်တော့ အသင့်စား စားသောက်စရာများ၊ အလှကုန်များ၊ အအေးမျိုးစုံ၊ ဘီယာမျိုးစုံ၊ အရက်မျိုးစုံ၊ ထိုင်းနိုင်ငံထုပ် နေ့ စဉ်သတင်းစာများ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာရေးကရိယာအမျိုးမျိုး စသည့် စုံမှစုံ အမျိုးအမည် လည်းစုံသည် တံဆိပ်တွေ လည်းစုံပါသည်။ သို့ သော်ဂလိုဘယ် လိုချင်သည်က စီးကရက် ဘယ်မှာ မှမတွေ့ ။ ဒါနဲ့ ကောင် တာက၀န်ထမ်းကို မေးကြည့်မှပဲ ဆိုပြီးကောင်တာဘက်ကို လှမ်းကြည့်လိုက်တော့ ထုပ်ပိုးခြင်းများကို လည်းကောင် ငွေကြေး ရှင်းလင်းခြင်းကိုလည်းကောင်း သွက်လက်ကျွမ်းကျင်စွာ လုပ်ကိုင်နေသော ကိုကိုချောတစ်ရောက် ကိုတွေ့ ရသည်။ တွေ့  ပြန်ပြီကိုကိုချောနဲ့  သို့ သော် စီးကရက်သောက်ချင် စိတ်ကကြီးစိုးနေသည့်အတွက် ကိုကိုချောဆီကိုသာ သွားပြီးမတောက် တခေါက်သာ တက်သော အင်္ဂလိပ်စကားကို အာဂုံရွတ်ပြီးမေးမြန်းရပါသည်။ ကိုကိုချေသည် ခေါင်းကိုအကြိမ်ကြိမ်ညိမ့်ပြီး စီးကရက် ၀ှက်ထားသော အံကိုဖွင့် ပြပါသည်။ ဂလိုဘယ်လည်း မာဘိုရိုစီးကရက် တစ်ဘူးကို လက်ညိုးထိုးပြပြီး ကြသင့်ငွေကို ပေးချေကာ ၀ယ်ယူခဲ့ပါတော့သည်။ ကောင်တာမှ ထွက်မည်အပြု ကောင်တာ စားပွဲပေါ်တွင် “ကွန်ဒုန်း” တံဆိပ်မျိုးစုံကို လွယ်လင့်တကူ ၀ယ်ယူနိုင်ရန် ထင်ထင် ပေါ်ပေါ်တင်ထား ပေးသည်ကိုတွေ့ ရပါသည်။ “ကွန်ဒုန်း” များကို ထင်ထင် ပေါ်ပေါ် ရောင်းချပေးပြီး စီးကရက်ဘူးများကို သိုဝှက်ထားကာ မေးမှသာရောင်းသော “မှုဝါဒ” (Policy) သည် အဘယ်နည်း မေးခွန်းများက ပေါ်လာပြန်သည်။ သိုသော်မစဉ်းစားအား လောလောဆယ် ဗိုက်ဖြည့်ဖို့ ကသာ အဓိကဖြစ် နေသည်။ ထို့ ကြေင့် (7 Eleven) စတိုးဆိုင်ကြီးမှ ထွက်ခွာပြီး ထမင်းဆိုင်ဆီကို သာဦးတည်ရတော့ပါသည်။

ထမင်းဆိုင်က လည်းဘယ် မှာရှိသည်ကို သိလို့ တော့မလုတ် လျှောက်ရှာရင်တော့ တစ်ဆိုင်ဆိုင်တော့ တွေ့ မှာပဲဆိုပြီးတော့သာ လျှောက်လာခဲ့ရသည် လမ်းလျှောက် တဲ့လူဆိုလို့  ဂလိုဘယ်နှင့် အပေါင်းအပါ လေးပါ (၄)၊ (၅) ယောက်သာရှိသည် လမ်းပေါ်တွင် ထိုင်းနိုင်ငံသား ဘယ်သူမှ လမ်းမလျှောက်ကြ၊ ဆိုင်ကယ်ကိုယ်ဆီ၊ ကားကိုယ်ဆီ နှင့်သာ သွားလာ နေကြသည်။ (၅)မိနစ်လောက် လမ်းလျှောက်ပြီးနောက် လမ်းမကြီးပေါ်သို့  ရောက်လာပါသည်။ ထို့ လမ်းမကြီး ထိပ် တွင် တွေ့  ပြန်ပြီ (7 Eleven) စတိုးဆိုင်ကြီး တစ်ဆိုင် နှင့်တဆိုင် ဘယ်လောက် များကွာလို့ လည်း ခြေလျှင်လျှောက် တာတောင် (၅) မိနစ်သာ ကြာသည်။ ဆိုင်ကယ်နှင့်ဆိုရင် တစ်မိနစ်တောင် မောင်းရမည်မဟုတ်။ အဘယ်ကြောင့် နာမည်တူ စတိုးဆိုင် ကြီးများ နေရာထပ်ပြီး ဖွင့်ရသနည်း။ မေးခွန်းတွေက ၀င်လာပြန်သည်။ သို့ သော်မဖြေအား ကားလမ်းမ၏ တဖက်ခြမ်းမှာ စီကာစဉ်ကာ ရောင်းချနေသော ထမင်းဆိုင်များကို တွေ့ သောကြောင့် ဖြစ်ပါသည်။ ထို့ ကြောင့် ကားလမ်းကူးရန် မျဉ်းကျား ရှာမိသည်။ သို့ သော်မတွေ့ ၊ ရောင်လည်လည်နှင့် ရောက်တဲ့နေရာကသာ ကူးမည်ဟု ခြေလှမ်းပြင် လိုက်သည်။ ထိုသို့  ဂလိုဘယ်တို့ ခြေလှမ်း ပြင်ရုံရှိသေး လမ်းပေါ်တွင် သွားနေသော ကားကြီး၊ ကားငယ်များသည် လမ်းကူးနိုင်ရန် အတွက်ရပ် တန့် ပေးပါ လေတော့သည်။ ဂလိုဘယ် ဖြင့် အံတွေကို အောလို့ ။ ထို့ “မူဝါဒ” သည်ကကော အဘယ်နည်း။ “လူ”ကို“လူ”လို တန်ဖိုးထားခြင်းလော။ ထိုင်းနိုင်ငံကို ရောက်တာဖြင့် တစ်ရက်မပြည့်သေးသော ဂလိုဘယ် မသိရှိပါ။ ဂလိုဘယ်တို့  တသိုက် သည်ကောင်းမည် ထင်သည့် ထမင်းဆိုင်ကို ၀င်ရောက်ကာ အဆာလွန် နေသော ၀မ်းဗိုက်ကို ဖြည့်တင်းရန် ခင်းကျင်း ထားသော ဟင်းများကို လက်ညှိုးထိုး၍ လည်းကောင်း အချိုးစားမ ကျလှသော အင်္ဂလိပ်စကားပြော ဖြင့်လည်းကောင်း (ထိုင်းစကားမှာ တစ်လုံးမှမတက်) မှာပါသည်။ ဆိုင်ရှင်က ဂလိုဘယ်တို့ ကို ဗမာလိုပြန် ပြောပါသည်။ ဂလိုဘယ်တို့ ဝမ်းသာသွားသည် ဗမာ စကားပြောရတဲ့သူ တွေပြီပေါ့၊ (နောက်မှ သိလိုက်ရသည် ချင်းမိုင်တွင် မြန်မာနိုင်ငံမှ လာရောက်၍ တရားဝင်၊ တရားမ၀င်၊ အလုပ်လုပ်သူ၊ ထွက်ပြေးလာသူ၊ တိမ်းရှောင်လာသူ၊ အလည်လာသူ စုစုပေါင်းသည် လူ(၅)သိန်း အထက်တွင် ရှိသည်ကို သိလိုက်ရသည်။) မှာထားသော အစား အသောက်များ ရောက်လာပြီး ဆာဆာ နှင့်ကုန်း၍ လွေးကြတော့သည်။ သို့ သော်စားလို့ မ ၀င် ဟင်းများသည် အချိုကဲခြင်း၊ အစပ်များခြင်း၊ အနံစူးခြင်း စသည့် မြန်မာ ပါးစပ်နှင့် အံမ၀င်သော ဟင်းများဖြစ်သည့် အတွက်ဆာဆာ နှင့်သာ စားရသည် ပါးစပ်မတွေ့ လှပေ။ ထို့ သို့ ဖြင့်သာ ချင်းမိုင်း၏ ပထမဆုံးသော နေလည်စာကို ချိုအီအီ အရသာဖြင် သာရောင့်ရဲ လိုက်ရပါတော့သည်။ ကျသင့်ငွေကို ရှင်းလင်းပြီး စက်တော်ခေါ်ရန် ဟိုတယ်ပြန် လာခဲ့ကြသည်။

ညနေစောင့် အချိန်တွင် ဒေါ်အလွမ်းပြေက ညစာသူအခန်းမှာ စားရန်စီစဉ်ပြီးပြီဟု ဂလိုဘယ်ကို လာခေါ်သဖြင့် အားနာနာ နဲ့ လိုက်ခဲ့ရပါသည်။ ဒေါ်အလွမ်းပြေသည် ချင်းမိုင်မြို့ အတွင်း ပြေးဆွဲသော မော်ဒယ်မြင့် ဟိုင်းလတ်ကားဖြင့် သူအခန်းသို့  ခေါ်ပါသည်။ အခန်းရောက်လို့ မှမကြာသေး ဂလိုဘယ်ထက် တစ်ရက်သာ ချင်းမိုင်ကိုစောရောက်သည့် ရန်ကုန်ကတည်း ကသောက်ဖေါ်၊ သောက်ဖက် ဘလော့ဂါ ထွန်းတောက်နေ ရောက်လာ ပါတော့သည်။ ထို့ မှ တဆက်တည်း ကိုသင်ကာကြီး ရောက်လာပါတော့သည်။ ကိုသင်ကာ၊ ထွန်းတောက်နေ နှင့် ဂလိုဘယ်တို့ သုံး ယောက်သား စထောင်လိုက်သော ဘီယာ ၀ိုင်းသည် ဂလိုဘယ် ယူလာသော ဒေါ်အလွမ်းပြေ၏ အိမ်ကထည့် ပေးလိုက်သော ငပိကြော်၊ ပုစွန်အခြောက်ကြော်၊ ချဉ်ပေါင်ကြောင် တို့ ကို အမြည်းလုပ် ကာ ထိုင်းနိုင်ငံထုပ် “ချမ်း” ဘီယာနှင့် တွဲဖက်လိုက်ပါ တော့သည်။ ဂလိုဘယ်တို့  သုံးယောက် အူစိုရုံ၊ လျှာသွက်ရုံ၊ ရှိသေးဘလော့ဂါ ဟန်သစ်ငြိမ် နှင့် ပန်းပုံပြင်တို့ ပါ ရောက်လာ ကြပါသည်။ သို့ ဖြင့် လူစုံတက်စုံ သောက်ကြရင်း (ဒေါ်အလွမ်းပြေနှင့် ပန်းပုံပြင် တို့ ကတော့မသောက်) ဒေါ်အလွမ်းပြေ၏ ထမင်းဝိုင်းကြီးသည် ဘီယာဝိုင်းအဖြစ် ပြောင်းသွားကာ ဘီယာလိုလိုက် သွားဝယ်လိုက်နှင့် သောက်လိုက်ကြတာ ဒေါ်အလွမ်းပြေကို အိမ်က ထည့်ပေးလိုက်သော စားစရာတွေ ကုန်တဲ့အထိပင် သောက်ခဲ့ကြပါသည်။ဟန်သစ်ငြိမ်ကတော သည့်နေ့ ကို “ရောက်ဒေး” ဟုသတ်မှတ်သည်။ “သောက်ဒေး” လာအုံးမည် ဟုပြောသည်၊ ပြောရင်းနဲ့ လည်း သောက်သည်။ ထို့ နောက် ကျန်ရှိနေသေးသော ဟင်းများ၊ အမြည်းများကို အပြီးသတ်ရှင်းလင်းပြီး လူစုခွဲခဲကြပါ တော့သည်။ ဒေါ်အလွမ်းပြေက ဂလိုဘယ်ကို ပြန်လိုက်ပို့ ပါသည်။ မိုးချုပ်နေသောကြောင့် အလာတုန်းကစီးလာတဲ့ ကားတွေကမရှိတော့လို့  နောက်ထပ် တမျိုးဖြစ်သည့် “တုပ်တုပ်” ဟုခေါ်သည့် ဆိုင်ကယ်မကြ၊ ကားမကြ ယာဉ်တမျိုးကို တားကာလိုက်ပို့ ပါသည်။ ဒေါ်အလွမ်း ပြေ၏ အပြောအရ အလာတုန်းက စီးလာထက် ပိုက်ဆံ ပိုပေးရတယ်ဟုဆိုသည်။ “တုပ်တုပ်” ပေါ်တွင် စက်သံက တုပ်တုပ် ခေါင်းထဲကလည်း ဘီယာတန်ခိုးနဲ့  တုပ်တုပ် တုပ်တုပ် နဲ့ သာ လိုက်ပါရင်း ဟိုတယ်ပြန်ရောက်ခဲ့ ပါ သည်။ အခန်းထဲ ပြန်ရောက်တော့ အချိန်က ည(၁)နာရီကျော်လို့ နေပြီး၊ မနက်ဖြန်တွင် ဒရိုင်ဆူးတက်ခ် တောင်ပေါ်ရှိ ဘုရားနှင့် ချင်းမိုင်မြို့ ၏ နာမည်ကျော် ပန်းဥယျာဉ်ကြီှးဆီကို လည်ပတ်ရဦးမည်။ ထိုင်းနိုင်ငံကို ရောက်သည့် တစ်ရက်တာအတွင်း မေးခွန်းပေါင်းများစွာက တုပ်တုပ်…တုပ်တုပ်၊ သောက်ထားသည့် “ချမ်း” ဘီယာအရှိန်ကလည်း တုပ်တုပ်….တုပ်တုပ်၊ နဲ့  သည့်နေ့ အဖို့ တော့ “တုပ်တုပ်” နှင့်သာအိပ် လိုက်ပါတော့သည်။ (အခေါ်အဝေါ် တုပ်တုပ် ကို ပြောတာနော်၊ လူလို့ မထင်လိုက်နဲ့ အုံး)

(မှတ်မှတ်ရရ ထိုနေ့ တွင် ဂလိုဘယ်ဘလော့ကို ကိုသင်ကာကြီးက သောက်ရင်းနဲ့ ပြင်ဆင် ပေးပြီး အသိပေး ကြေညာခြင်းသာ ရေးထားသော ဘလော့ကို C Box မှာအရင်ဆုံး စာရေးပေးခဲ့ပါသည်။) ဆက်ပါအုံးမည်။

1 comment:

မသက်ဇင် said...

ဂလိုဘယ်ရေ---ချင်းမိုင်ကိုများ ခေါ်သွားလိုက်
တာနော်---ဘီယာဝိုင်းကြားခံလိုက်တာတော့--
မတတ်နိုင်ဘူးပေါ့--
ဒရိုင်ဆူးတက်ခ် တောင်ပေါ်ရှိ ဘုရားနှင့် ချင်းမိုင်မြို့ ၏ နာမည်ကျော် ပန်းဥယျာဉ်ကြီှးဆီကို လည်ပတ်ရဦးမည်----ဆိုထားတော့--
စောင့်ဖတ်နေပါတယ်ရှင်-----မသက်ဇင်က
ထိုင်း ကို လေယာဉ်စီးရောက်ပြန်ပဲရှိတာ----
ချင်းမိုင်ဆို ဝေလာဝေးပေါ့ရှင်---
ခရီးသွားဗဟုသုတတွေဖြန့်ဝေပေးတာကျေးဇူးပါ--