Tuesday, October 14, 2008

အကြွေးများနှင့်လူ

လူသားများသည် လူ့ လောကကို စတင်ရောက် ကထဲက သံသရာ အကြွေးများကို ဆပ်ရန်ရောက် ရှိလာခြင်းဖြစ်သည်။ ဂလိုဘယ် သည် ငယ်စဉ်ကတည်းက ဆပ်လိုက်ရတဲ့ အကြွေးတွေကလည်း ကုန်သွားတယ်မရှိ ထပ်ထပ်ပြီး တင်လာသည် သာများ ပါသည်။ ငယ်စဉ်တောင်ကျေး ခလေးဘ၀ တုန်းကလည်း များပြားလှသည့် ကျောင်းသင်ခန်းစာ အကြွေးများကို လည်းကောင်း၊ အသက်အရွယ် အနည်းငယ်ကြီး လာတော့လည်း မဖြစ်မနေ ဖြေရှင်းရမည့် နေစဉ်ဝတ္တရားများကို ပြေလည် စေရန် ဆွဲငင်သုံးစွဲ ခဲ့ရသည့် ငွေကြေးဆိုင်ရာ အကြွေးများသည် လည်းကောင်း၊ အလုပ်အကိုင် လေးရတော့လည်း အလုပ် အကြွေးများသည် လည်းကောင်း၊ ပေးဆပ်ရသည်။ တာဝန်ယူရပါသည်။ သံသရာကတင်လာတဲ့ အကြွေးတွေကို ဆပ်ဖို့  နေနေ ထပ်တလည်းလည်း တင်နေသည့် အကြွေးတွေက မရေမတွက်နိုင် ဘက်ပြောင်းစုံကလာသည် ဘက်ပေါင်းစုံ ကို လည်းဆပ် ဖို့ ရှိနေပါသည်။ထိုအကြွေး များသည် ငွေကြေးများဖြင့် ပြန်လည်ပေးဆပ်နိုင် သည့်အကြွေးများ ရှိသလို မပေး ဆပ်နိုင်သည့် အကြွေးများလည်းရှိပါသည်။

ယခု ဂလိုဘယ်တွင် ငွေကြေးဖြင့် ပြန်လည်မဆပ်ရန် မဖြစ်နိုင်သည့် အကြွေးများစွာ တင်ရှိနေပါသည်။ လူများသည် လူ့လောကကို ရောက်ကတည်းက အကြွေးပါလာသလို ဂလိုဘယ်လည်း ဘလော့ လောကကို ၀င်ရောက်လာကတည်းက အကြွေးများပါရှိလာရာ ယခု အတော့ကို ထူနေပါသည်။ ဘလော့ဂါ မိတ်ဆွေများ တက်ခ် ထားသည့် ပိုစ့်အကြွေးများကို မရေးနိုင်သေးခြင်း၊ ချင်းမိုင်ခရီးကို မဆက်နိုင်သေးခြင်း၊ ကိုကိုဖရီးနှင့်ဒိုင်ယာလော့ တွင် ကိုကိုဖရီးကရေးပြီး ပို့ ထား ပြီးဖြစ်သော်လည်း ကျွန်တော်ဂလိုဘယ်၏ ဘက်က မဖြေနိုင်သေးသဖြင့် ဒိုင်ယာလော့ ကို မတင်ဖြစ်သေးခြင်း၊ ချင်းမိုင်ခရီးတွင် ပါရှိသည့်မေးခွန်းများကို ဖြေဆိုရန် ပြင်ဆင်ထားသည့် ပိုစ့်အသစ်ကို အပြီးမသတ်နိုင် သေးခြင်း၊ ယခင်က အပတ်စဉ်ရေးရန် ဦးတည်ထားခဲ့သော “သတင်းများနှင့်ကခုန်ခြင်း” ပိုစ့်ကို နှစ်ပုဒ်မျှသာ ရေးသားဖြစ်ခဲ့ ခြင်း၊ အခြားဘလော့ဂါ မိတ်ဆွေများထံသို့  အလည်သွားရန် ပျက်ကွက်မိခြင်း စသည့် ဘလော့ဂါ အကြွေးများနှင့် ချာချာ လည်နေစဉ်၊ တဖက်ကလည်း ကျောင်းစာ အကြွေးများဆပ်ရန်ကလည်း သေရေး၊ ရှင်ရေးတမျှ အရေးကြီးနေပြန်၊ ဒီကြား ထဲ့ (၄)ရက်ခရီး ကလည်းထွက်ရ အုံးမယ်ဆိုတော့၊ မလွယ့်မလွယ် မလွယ်ကူလှပါ။

သို့ သော် အကြွေးများကိုတော့ တပ်နိုင် သလောက်ဆပ်ရမည်။ တာဝန်ရှိသည်။ သံသရာ အကြွေးဆပ်ဖို့  လူ့ လောကကို ရောက်လာတဲ့ ဂလိုဘယ် လတ်တလော့ တင်နေသည့် အကြွေးတွေကို ဆပ်ရတာ လာရင်းအကြောင်း ကိုတောင်မေ့လျော့လို့  နေပါပြီ။ တော်သေးတာပေါ့ မဆုမွန် က လူ့ လောက ကနေပြန်မထွက်ခင် (၁၀)ရက် အချိန်ပေးထားလို့  တော်သေးတယ်။ ကျေးဇူးပဲ မဆုမွန်ရေ သံသရာကပါ လာတဲ့ အကြွေးတွေကို သေခါနီး (၁၀) အလိုမှပဲ ဆပ်လိုက်တော့မယ်။ လောလောဆယ်တော့ ဘလော့ဂါ အကြွေးက အရေးကြီးတယ်ဗျို့ ၊ တော်ကြာ ထွန်းတောက်နေတို့ ၊ ကိုသင်ကာတို့ ၊ ဟန်သစ်ငြိမ်တို့ ၊ ကိုကိုဖရီးတို့  ကလာတောင်း မှ ဖြင့် ကျွန်တော် ဂလိုဘယ် ပြေးပေါက်မှားပြီး ယမကာဝိုင်းထဲ ရောက်သွားအုံးမယ် ဆပ်အုံးမှ..ဆပ်အုံးမှ အကြွေးတွေ… ဆပ်နိုင်မှ တော်ကာကြမယ်ဗျို့ ။

4 comments:

မသက်ဇင် said...

ကိုဂလိုဘယ်---
ကျမအကြွေးလည်းကျန်သေးတယ်---
ဒီလို ရှောင်လို့ မရဘူးနော်---
သံသရာပါသွားမယ်---
အကြွေးဘယ်တော့ ဆပ်မှာလဲ--
မေ့ချင်ယောင်မဆောင်နဲ့--
ခရီးထွက်က ပြန်လာရင်ဆပ်မယ်ဆို----
ခင်မင်လျက်

Anonymous said...

စိတ်သက်သာရရအောင်...

၁) တင်နေတဲ့အကြွေးတွေကို မေ့ပစ်

၂) အဲဒီအကြွေးတွေအစား ကျုပ်တို့ကို ယမကာတိုက်ဖို့အကြွေးရှိတယ်လို့မှတ်

၃) ကျုပ်တို့ဆီလာ ယမကာသောက် စိတ်လွတ်ကိုယ်လွတ်နေ

၎) အထက်က ၂ နဲ့ ၃ ကို ခင်ဗျားဆီက အကြွေးလို့မှတ်ထားလိုက်မယ်

၅) အဲဒီအကြွေးတွေ ကြေဖို့ ခရီးကပြန်ရောက်ရောက်ခြင်း ယမကာနဲ့ဧည့်ခံ

၆) အထက်က အချက် ၅ ကို ချိုးဖောက်ပါက ကြီးလေးသော ပြစ်ဒဏ်ဟု ယူဆသဖြင့် နောက်ထပ် အကြွေး... ဟေ့ဟေ့...

ဆောရီးဗျာ... ထင်တာတွေ လျှောက်အော်ဟစ်သွားတယ်။

Anonymous said...

ဘာတွေပြောပြော တခြား အကြွေးတွေထက် တို့အပေါ်တင်နေတဲ့ အကြွေးလေးပဲ ကျေအောင်ဆပ်ပါဦးလား.. နောက် အကြွေးတွေလည်း မတင်စေနဲ့ .. ဟာဟ

ပန်းခရမ်းပြာ said...

ဘလော့ အကြွေးကို ဦးစားပေး ဆပ်ပါဗျို့။ ဒါမှ ပို့စ် အသစ်တွေ ဖတ်ရမှာ။