Tuesday, October 14, 2008

ဂလိုဘယ် သေဖို့ ပြင်ဆင်ခြင်း

မဆုမွန် တက်ခ် ထားတဲ့ “မသေခင် ၁၀ ရက်အလို”ကို အလုပ်တော်တော်များ နေလို့ ၁၀မိနစ် နဲ့ ဖြေ လိုက်ရတာကို စိတ်မကောင်းပါဘူး မဆုမွန်။ ဗုဒ္ဒရဲ့ တရားတော်တွေ မှာတော့ လူတွေဟာ “ကွေးသောလက် မဆန့် မှီ၊ ဆန့် သောလက် မကွေးမှီ” သေခြင်းဆိုတဲ့ “နတ်ဆိုးကြီး” နဲ့ ကြုံတွေ့ နိုင်တယ်လို့  လူတွေလူ့ လောက ကိုစရောက် တဲ့အချိန်ထဲက မိန့် မှာ ခဲ့ပြီး ဖြစ်ပါတယ်။ သို့ သော် ဂလိုဘယ်တို့ နေ့ စဉ် နဲ့ အမျှလောက လူဘောင်ကြီးကို ဖြတ်သန်းခဲ့ကြတဲ့  အချိန်မှာတော်တော် များများလူတွေဟာ “သေခြင်း”ကို မေ့နေတက်ကြတာ များပါတယ်။ ဂလိုဘယ်လည်း လူသားပေမို့  မေ့နေခဲ့ပါတယ်။အခုလို မဆုမွန်က “သေခြင်း”ဆိုတဲ့ လူဆိုးကြီးကိုယ့် အနီးအနားမှာ ကပ်လျှက်ရှိနေတယ် ဆိုတာကိုသတ္တိပေး လို့  ကျေးဇူး အများကြီးတင် ပါတယ်။ နောက်ပြီး (ဘလော့ဂါ) တွေရဲ့ စိတ်ကူးကိုလည်း ချီးကျူးပါတယ်။ အများအားဖြင့် လောကီလူသားတွေဟာ ပျော်စရာ၊ စိတ်ချမ်းသာစရာ၊ ကြည်နူးစရာ၊ သာယာစရာ တွေကိုသာ အများအားဖြင့် စိတ်ကူးယဉ် ကြပါတယ်။ယခု ဘလော့ဂါတွေက လူလောကရဲ့  အရေးအကြီးဆုံး အရာတွေထဲက တစ်ခုဖြစ်တဲ့ သေခြင်းအကြောင်းကို စိတ်ကူးယဉ် ခဲ့ကြတယ်။ အခြားဘလော့ဂါ အပေါင်းကိုလည်း စိတ်ကူးယဉ်ခိုင်း စေခဲ့တယ်။ ဒါဟာဘလော့ဂါ ကောင်းတစ်ဦး၊ မိတ်ဆွေ ကောင်းတယောက်ရဲ့ စိတ်ထားကောင်းခြင်း ဆိုတာသိနိုင် ပါတယ် မဆုမွန်ရေ။

သေဖို့ (၁၀)ရက်အလို

လူလောကကို ရောက်လာကတည်းက လူတွေအပေါ် ဘာတွေဆိုးကျိုး လုပ်ခဲ့သလဲ၊ လူတွေအပေါ် ဘယ်လောက် စိတ်ထားကောင်းခဲ့သလ၊ဲ လူ့ လောက ကိုဘယ်လောက် အကျိုးပြုခဲ့သလဲ၊ ကိုယ်ကိုတိုင် ကောဘာတွေ အကျိုးဖြစ် ထွန်းခဲ့သလဲ၊ ဘာတွေကော အကျိုးယုတ်ခဲ့လဲ ဆိုတာတွေကို ပြန်လည်သုံးသပ် ကြည့်မယ်။

သေဖို့ (၉)ရက်အလို

လူလောကရဲ့  သံယောဇဉ်ကြိုးတွေကို စတင်ဖြတ်တော့မယ်။

သေဖို့ (၈)ရက်အလို

ရုပ်နဲစိတ်ရဲ့  ဖြစ်ခြင်း၊ ပြတ်ခြင်း တွေကို စဉ်ကြဉ် သုံးသပ်ကြည့်မယ်။

သေဖို့ (၇)ရက်အလို

ဗုဒ္ဓ ဟောကြားခဲ့တဲ့ တရားတော်တွေကို နှလုံးသွင်းမယ်။ (သေမင်းနဲ့ စစ်ခင်းဖို့  ပြင်ဆင်ခြင်းလည်း မည်ပါပေလိမ့်မယ်) အခြားဘာသာဝင် တွေလည်း ကိုယ်ယုံကြည် သက်ဝင်ရာ ဘာသာတရားရဲ့  တရားတော်တွေကို နှလုံးသွင်းသင့် ပါတယ်။

သေဖို့ (၆)ရက်အလို

ရတနာ (၃)ပါးရဲ့  ဂုဏ်ကျေးဇူးကို ရင်ထဲ ထည့်လိုက်မယ်။

သေဖို့ (၅)ရက်အလို

“လောဘ” ဆိုသည် အဘယ်နည်း၊ “မောဟ” ဆိုသည် အဘယ်နည်း၊ “ဒေါသ” ဆိုသည် အဘယ်နည်း။ ခွဲခြမ်းစိတ်ဖြာ တက်ဖို့  အားထုပ်ရမယ်။ လူလောကို ရောက်လာပြီး “လာဘ၊ ဒေါသ၊ မောဟ” ဆိုတဲ့ အပူမီးတွေရဲ့  အနက်ကို ကောင်းစွာ မဝေခွဲ တက်ရင် လူဖြစ်ရတာ မိုက်မဲရာကြတော့မယ်။

သေဖို့ (၄)ရက်အလို

သစ္စ္စာ (၄)ပါး တရားမြတ်ကို နှလုံးသွင်းရမယ်။

သေဖို့ (၃)ရက်အလို

လူလောကကို ရောက်လာထဲက “မကောင်းတာကို မလုပ်ဖို့ ” လူတွေအားလုံး ကိုပြောပြချင်တယ်

သေဖို့ (၂)ရက်အလို

လူလောကကို ရောက်လာထဲက “ကောင်းတာကို လုပ်ဖို့ ” လူတွေအားလုံးကို ပြောပြချင်တယ်

သေဖို့ (၁)ရက်အလို

သေမင်းနဲ့  စစ်ခင်းနေပါပြီ။ သေမင်းအနိုင် မယူခင်လေး တစ်ခုတော့မှာချင်တယ် လောကကြီးမှာ အရေးအကြီးဆုံး လည်းဖြစ် အသက်ရှင်နေထိုင် ရာမှာ မဖြစ်မနေ ကျင့်သုံးရမည့်၊ နှလုံးသွင်းရမည့် ကျင့်စဉ် ကတော့ “ စိတ်ထားဖြူစင်ဖို့ ” ဆိုတဲ့ ကျင့်စဉ်ကို လက်လှမ်းမှီ သလောက်ပြော ခွင့်ရရင် ဂလိုဘယ် လူလောကမှာနေခွင့် ရတာ နေပျော်ပါပြီ မဆုမွန်ရေ….

တကယ်တော့ မဆုမွန်ရေ ဂလိုဘယ်တို့ လူသားတွေဟာ သေဖို့ အချိန်တိုင်း ပြင်ဆင်နေကြရမှာ မဟုတ်ပါလား ……….

1 comment:

မဆုမွန် said...

ကျေးဇူးတင်တယ် ဂလိုဘယ်ရေ ဟုတ်တယ်နော် တကယ်တော့ သေခြင်းတရားဆိုတာ ဆန့်သောလက် မကွေးမှီ ကွေးသောလက် မဆန့်မှီ..ဖြစ်ပျက်သွားနိုင်တာပဲ..မသေခင် ၁၀ရက်အလိုဆိုတာ တွေးမိမိချင်း အမှန်အတိုင်း ပြောရရင် ဘာလုပ်ရမှန်း မသိဘူး..ပထမဆုံး သတိရမိတာ အမေနဲ့ အဖေပေါ့ အစ်မအတွက်ပြောတာပါ..တကယ်တော့လည်း အသက်၇ှည်အောင် ကျမ်းမာရေး လိုက်စား ပြေးလွှားခုန်ကစားနေတဲ့ လူတစ်ယောက်ဟာ အပြေးလေ့ကျင့်ရင်း ကားတိုက်သေနိုင်သလို အိမ်ယာထက်မှာပဲ နေ့နေညည နှစ်နဲ့ ချီပြီး သေခြင်းတရားကို အမြန်လာပါတော့ဆိုပြီး မျော်နေသူတွေ ရှိနိုင်တာပဲလေနော်..အစ်မတို့ ရဲ့ နောက်ဆုံးရက်တွေကိုကိ့မသိနိုင်ခင်မှာတော့ ဂလိုဘယ်ပြောသိလိုပဲ မိမိစိတ်ကို ဖြူစင်အောင် တရားသိအောင် အားထုတ်ပြီး အမှတ်သတိမလွတ်ဖို့ ပဲ လိုမယ်ထင်တယ်နော် ပို့ စ်လေးက အရမ်းကောင်းတယ် တကယ်ကို ကျေးဇူးတင်ပါတယ်