Sunday, September 28, 2008

အိုင်တီကိုကျော်ကြည့်ခြင်း(၂)

အရှုပ်တွေအရမ်းများနေလို ဘလော့ဂါကမ္ဘာထဲ မရောက်တာဖြင့် တော်တော်ကြာလို့ နေပါပြီ။ ကိုကိုဖရီးရဲ့ မေးခွန်း များကို လည်းမဖြေဖြစ်ခဲ့ပါ။ သို့ သော်ကိုကိုဖရီးက ဒိုင်ယာလော့ကို ဆက်မလုပ်ရင် မတိုက်တော့ဘူး လိုံအညှာကိုင် သဖြင့် သောက်ချင်လွန်းလို့ ဖြေလိုက်ရပါသည် ဘလော့ဂါအပေါင်းတို့ ရေ......

ကိုကိုဖရီး။ ။ နည်းပညာဟာ လူတိုင်းသုံးစွဲ သင့်တယ်ဆိုပေမယ့် ဘတ်ဂျတ်အင်အား နည်းလွန်းလှတဲ့ အစိုးရတွေအတွက် ဘယ်လိုမျိုးဆောင် ရွက်ပေးနိုင်မယ် ထင်ပါသလဲခင်ဗျာ။

ဂလိုဘယ်။ ။ ဟုတ်ပါတယ် ကိုကိုဖရီးရေ။ ဘတ်ဂျတ်အင်အား နည်းလွန်းတဲ့အစိုးရ တွေဟာဖြင့် ဒီနေရာမှာ နိုင်ငံတကာရဲ့ အကူ အညီကိုယူကို ယူရမှာဖြစ်ပါတယ။် သို့ သော် နိုင်ငံက နိုင်ငံတကာအ သိုင်းအ၀န်းနဲ့ အထီးကျန်ဆန်လွန်း နေရင်တောလည်း ဖွံ့ ဖြိုးမှုနှေး ကွေးနေမှာပေါ့၊ အခုလို့ တစ် ကမ္ဘာလုံးနီးပါး ဖွံ့ ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ နည်းပညာမပါရင် နောက်ကျကျန်ခဲ့ မှာကိုတော့ ငြင်းစရာမလို့ တော့ဘူးလို့ ထင်ပါတယ် ကိုကိုဖရီးရေ၊ နောက်ဆုံး မှာတော့ နိုင်ငံခေါင်းဆောင်တွေရဲ့  ပညာကြီးမှုရေချိန်ကို ပဲတိုင်း တာရတောမှာပဲ၊ တိုင်းပြည်ချစ်စိတ်နဲ့ ကမ္ဘာဖြစ်စဉ်ကြီးကို သုံးသပ်ပြီးတိုင်းပြည် တိုးတက်အောင်အစဉ် ကြိုးစားနေသင့်တာပါ။ မျက်ကွယ်ပြုထားရင်တော့ ရင်နာစရာကြီးပေါ့။

ကိုကိုဖရီး။ ။ လူငယ်များကြား အိုင်တီကိုသာဦးစား ပေးလာခဲ့မယ်ဆိုရင် အခြားသောဘာသာရပ် တွေမှာ အားနည်းမှုတွေရှိလာနိုင်လို့ ကဏ္ဍစုံဖွံ့ဖြိုးမှုဆိုတာမျိုးက ခက်နေမလားလို့။ ပြန်ဆွေးနွေးပေးပါအုံးခင်ဗျာ။

ဂလိုဘယ် ။ ။.......ကျွန်တော်တို့ ဖြစ်သင့်တာက အိုင်တီကို ဦးစားပေး ရမှာမဟုတ်ပါဘူး ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ အိုင်တီကို လက်နက်သဖွယ် ကောက်ယူ သုံးစွဲဖို့  ပဲ့ဖြစ်သင့်တယ် ကိုကိုဖရီးရေ။ အကောင်းအဆိုး ရောထွေးနေတဲ့ အိုင်တီကြီးကို ဘယ်လိုသုံးစွဲရ မယ်ဆိုတာကိုသာ ကျွန်တော်တို့  ကျယ်ကျယ်ပြန့် ပြန့် အသိပေးဖို့ ပါပဲ ကိုကိုဖရီးရေ….(ဆက်ပါအုံးမည်)

Friday, September 19, 2008

အိုင်တီကိုကျော်ကြည့်ခြင်း

လွန်ခဲ့သောအချိန် တော်တော်ကြာကပင် ရေးချင်လှသော အိုင်တီကိုကျော်ကြည်ခြင်းဒိုင်ယာလော့ကို ကျွန်တော် ဂလိုဘယ်သည် သောက်ဖေါ်သောက်ဖက် ကိုကိုဖရီးကို အတင်းအပူကပ်ပြီး ရေးခိုင်းခဲ့ သည့်အတွက် ကိုကိုဖရီတစ်ယောက် သောက်ချိန်များပဲ့ပါနိုင်ပါသည် ခွင့်လွတ်ပါ ကိုကိုဖရီးခင်ဗျား...

ဂလိုဘယ်ကို ကြီးကျယ်တယ်လို့ ထင်ချင်လည်း ထင်ပါတော့၊ ခင်ဗျားနဲ့ ကျွှန်တော်ရဲ့ ဒိုင်ယာလော့မှာ ဒီခေါင်းစဉ်နဲ့ ပဲစလိုက်ကြ အောင်ဆို့ လား ကိုကိုဖရီးရေ...


ဂလိုဘယ် ။ ကိုကိုဖရီးရေ ၂၀ရာစုနှောင်းပိုင်းထဲက ကမ္ဘာကြီးပေါ်မှာ ဖွံ့ ဖြိုးပြီးနိုင်ငံ ရောဖွံ့ ဖြီုးဆဲနိုင်ငံ တွေပါမကျန် အိုင်တီ...အိုင်တီဆိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အောင်ဟစ် လိုက်ကြတာဖြင့် ကျွှန်တော်တို့ အချိန်တွေ တော်တော် ကြာခဲ့ပြီမဟုတ်ပါလား ကိုကိုဖရီးရေ၊ ဒီအချိန်တော့ဖြင့် ကိုကိုဖရီးနဲ့ ဂလိုဘယ်တို အိုင်တီကိုကျော် ကြည့်လိုက်ရင်ဖြင့် ဘာတွေလာ နေပြီဆိုတာ မြည်းစမ်းကြည့် ရအော်လား ကိုကိုဖရီးရေ။

ကိုကိုဖရီး ။ ဟုတ်ပါရဲ့ဗျာ။ အိုင်တီကို အားလုံးအလေး ထားလာပါတယ်။ ဒါပေမယ့် အိုင်တီကို အလုံးလား အပြားလား စိတ်မ၀င်စားသေးတယ် နိုင်ငံတွလည်းရှိပါရဲ့။ ဥပမာ..အာဖရိကနိုင်ငံတွေ၊ ဖွံ့ဖြိုးမှုနည်းတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ်လေးတွေ (landlock) လေးတွေပေါ့။ ဒီနိုင်ငံတွေမှာ အိုင်တီထက် အငတ်ဘေး မဆိုက်ရေး၊ အာဏာလက်ကိုင် ထားနိုင်ရေးတို့က ပိုအရေးကြီးနေတယ်လေ။ သေချာတာကတော့ အိုင်တီအလွန်မှာ ပိုထိတ်လန့်စရာကောင်း တာတွေ ရှိနိုင်တယ်ဆိုတာပဲဗျ။

ဂလိုဘယ် ။ ကိုကိုဖရီးရေ မြန်နှုန်းမြင့် အိုင်တီခေတ်ကြီး ကတော့အဆိုးအကောင်း ရောမွှေတိုက် လိုက်တာဖြင့် ဂလိုဘယ်တို့ မှာအကွဲအပြဲနဲ့ ပါဘဲ။ ကိုအိုင်တီကို စိန်ခေါ်ထိုးမယ့်သူရဲ့  တိုက်ကွက်တွေကကော ဘယ်လိုရှိနိုင်မလဲ ကိုကိုဖရီးရေ အပြောလွယ်သလောက် အလုပ်များခက်နေမလားလို၊ ကိုကိုဖရီးကကော ဘယ်လိုထင်သလဲဗျို့  သိစမ်းပရစေအုံး..

ကိုကိုဖရီး ။.တိုက်ကွက်ကတော့ ရှင်းပါတယ်။ သူ့အမြီးနဲ့ သူကိုပြန်ထိုးဆိုသလိုပေါ့။ အိုင်တီဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဖြစ်နိုင်တယ်လေ။ အိုင်တီကြောင့် စိန်ခေါ်မှုတွေရှိလာတာကတော့ အများကြီးပဲဗျ။ နောက်ဆုံး လူဟာ လူဆိုတဲ့အသိအစား virtual sense ဆန်ဆန် ပြောင်းလဲလာနိုင်တယ်လေ။ ဒါပေမယ့် အနီးကပ်ဆုံး စိမ်ခေါ်မှုကတော့ အိုင်တီဟာ စစ်ပွဲတွေကိုမတားဆီး နိုင်ဘူး ဆိုတာပဲလေ။

ကိုကိုဖရီး ။ ။ အိုင်တီရဲ့နည်းပညာတွေကို ဘယ်သူတွေကလဲ ချုပ်ကိုင်ထားလာနိုင်သလဲ။

ဂလိုဘယ်။ ကိုကိုဖရီးရေ နည်းပညာတွေကို ဘယ်သူကမှ ရေရှည်ထိန်းသိမ်း လို့ ရမှာ မဟုတ်ဘူး ကိုကိုဖရီးရဲ့  ၂၀ရာစု အနှောင်းပိုင်းထဲက ပေါက်ကွဲထွက်လာတဲ့ နည်းပညာသစ်တွေဟာ ကမ္ဘာကြီးကို ထူးထူးခြားခြား ပြောင်းလည်း စေခဲ့တာကို အားလုံးလက်ခံခဲ့ကြတာပဲ။ ဒိုးယိုပေါက်ဖြစ်နေတဲ့ ယနေ့ ကမ္ဘာလောကမှာ နည်းပညာတွေကို ထိန်းချူပ်မဲ့ အစားမှန်ကန်တဲ့ ကောက်ယူသုံး စွဲမှုကိုသာအဓိက ထားစဉ်းစားရမယ်လို့ ထင်တာပဲ ကိုကိုဖရီးရေ

ကိုကိုဖရီး။ ။ အိုင်တီသမားတွေဟာ အုပ်ချုပ်ရေးက လူတွေနဲ့ ရေရှည်မှာ တစ်သားတည်းကျမှာလား။ ဒါမှမဟုတ် သူတို့ဟာ လူတန်းစားသစ် တစ်ရပ် အဖြစ်ရှိလာမှာလား။

ဂလိုဘယ်။ အုပ်ချုပ်ရေး ယန္တရားကလူတွေ ဘယ်လောက်အထိ ကောက်ယူသုံးစွဲသလဲ ဆိုတဲအပေါ်မှာသာ အကြောင်းခံ ရတော့မှာဘဲ ကိုကိုဖရီးရေ အိုင်တီနည်းပညာဆိုတာ လူတိုင်းအသုံး ချသင့်တဲ့ ပညာရပ်ပါ လူတန်းစားသစ် တရပ်လိုဖြစ်နေသေးတယ် ဆိုရင်တော့လူတိုင်း ကျယ်ကျယ် ပြန့် ပြန့်  လက်လှမ်းမမှီ သေးဘူးလို့ ဆိုရမှာဘဲ၊ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရတွေရဲ့  ပညာကြီးမှုပေါ် မှုတည်နေမလားဘဲ ကိုကိုဖရီးရေ (ဆက်ပါဦးမည်)

Wednesday, September 17, 2008

ချင်းမိုင်နေ့ စွဲများကိုဘာသာပြန်ခြင်း (၂ )

မြန်မာတွေ၏ စည်းလုံးမှု၊ ဖေါ်ရွှေမှုများကို ပီတိဖြစ်ရင်း ဂလိုဘယ်တို့ စီးမည့် ထိုင်းတော်ဝင် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်သို့ တက်ခဲ့ပါသည်။ ဆရာချစ်ဦးညိုတို့ အဖွဲ့ ကိုများပြားလှ သောခရီးသယ်များကြားတွင် မတွေရတော့ပေ။ လေယာဉ်ပေါ်ကို ရောက်လို့ မှာမကြာသေး အချိန် တိကျလှသောလေယာဉ်ကြီးက ရန်ကုန်လေဆိပ်သစ်ကြီးကို စတင်နှုတ်ဆက်ထွက်ခွာပါတော့သည် လေယာဉ်ပြေးလမ်းပေါ်ရောက်သည်နှင့်တပြိုင်နက် ကြီးမားလှသော ပရိုဂျက်တာကြီးဖြင့် ရောက်ရှိ သည့်နေရာ၊ အချိန်၊ လေယာဉ်ပြန်နေသောအမြင့် တို့ ကိုအဆက်မပြတ်ပြပါတော့သည်။ သန့် ရှင်း လှပသော ထိုင်းလေယာဉ်မယ်များက ၀န်ဆောင်မှုဆိုသည့်သဘောသဘာဝကို ပြည့်စုံအောင်အ နက်ဖွင့်ဆိုပါသည်။ ရောက်မည့်အချိန်ကို ကြိုသိရှိနိုင်သလို၊ ရောက်နေသည့်နေရာကိုလည်းတိုက် ရိုက်ကြည့်ရှုနိုင်ပါသည်။ ဒီကြားထဲ ဂလိုဘယ်ကမဆီမဆိုင် “အချိန်မေးခြင်းသီးခံပါ” ဆိုသည့်စာ သားလေးကို သတိရမီပါသေးသည်။ ဂလိုဘယ်တို့  လေယာဉ်ကြီးသည် ရှမ်းကုန်းပြင်မြင့် ကပ္ပလီပင်လယ်ပြင်တို့ ကို ဖြတ်ကြော်ပြီး နောက်မြို့ ကြီးတစ်မြို့ ကို လေယာဉ်ပေါ်မှ လှမ်းမြင်ရပါ သည်။ ကြီးလိုက်တဲ့မြို့ ကြီးဟု ဂလိုဘယ်ထင်မိပါသည် သို့ သော်ထိုအရာသည်မြို့ မဟုတ်ပါ။ ထိုင်း နိုင်ငံ၏ သုဝဏ္ဏဘူမိ လေဆိပ်သစ်ကြီးပင်ဖြစ်ပါတော့သည်။ မြန်မာပြည်က လေယာဉ်နှစ်စီးစာ လောက်သာတချိန်တည်းဆိုက်ကပ်နိုင်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး ခမ်းနား ပုံကိုပြောမိသည့် ဂလိုဘယ် အခုတော့ဖြင့် ပျားအုံးကြီး တစ်အုံလို ပျားများဝင်ထွက်သွားလာ လှုပ်ရှားနေ သကဲ့သို့  သဏ္ဍန်တူသည့် သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်သစ်ကြီးကို မြင်တော့မှ ဂလိုဘယ် လှန့်် ဖြန့်် သွားသည်။

“အား….သေပြီဆရာ”

ဟုတ်ပါသည်။ ကျွန်တော်ဂလိုဘယ် ၀ါးလုံးခေါင်းထဲ လသာနေခြင်းသာဖြစ်ပါသည်။ ထိုင်း လေဆိပ်သည်ကြီးမကြီးတော့မသိ ဂလိုဘယ်တို့ လေယာဉ်ဆိုက်သည့်နေရာနှင့် အိပ်ယူရမည်နေ ရာကို အသင့်စောင့်ကြိုနေသည့်ကားများ ၁၅ မိနစ်ခန့် သွားရပါသည် ရွေးရမည့်နေရာရောက် တော့ ဂလိုဘယ်တို့ အိပ်တွေကအဆင်သင့် ရောက်နေသည် ဘယ်ကနေဘယ်လိုရောက်လာ လည်းမသိ၊ အဆင်သင့်လိုက်တာ။ ကိုယ့်အိပ်ကိုဆွဲပြီး ဘေးဘီလိုက်ကြည့်လိုက်တော့ များပြားလှ တဲ့ဆိုင်တွေ၊ များပြားလိုက်တဲ့လူတွေ။ ရန်ကုန်တုန်းက ဗိုက်ဆာလို့ ဆိုင်လိုက်ရှာလိုက်တာ ကော်ဖီ သာရတဲ့ ဆိုင်တစ်ဆိုင်ကလွှဲလို့ ဘာဆိုင်မှမရှိ အခုတော့များလွန်းလို့ ဂလိုဘယ် တို့ ဘယ်ဆိုင်ရွေး ရမှန်းတောင်မသိတောဘူး။ လူတွေကို ရွေးခြယ်စရာများများပေးထားခြင်းသည် အဘယ်သို့ နည်း ခရီးရောက်မဆိုက် ဂလိုဘယ်ခေါင်းထဲ မေးခွန်းတွေကပြစ်ဝင်လာပါသည်။ ဂလိုဘယ်မဖြေနိုင်သေး။ တိုက်ရိုက်လေကြောင်းသာရှိရင် သုဝဏ္ဏဘူမိသို့ ခြေချခွင့်ရဦးမည်မဟုတ်။ ပျားပန်းခတ်မျှသောဝင် ထွက်သွားလာနေကြသည့် လေယာဉ်ပျံများကိုကြည့်ရင်း ထိုင်းနိုင်ငံ၏ နိုင်ငံတကာအ၀န်းအ၀ိုင်း မည်မျှကျယ်နေသည်ကို လက်တွေ့ မျက်ဝါးထင်ထင် ကြုံလိုက်ရသည်။ ရန်ကုန်-ချင်းမိုင် တိုက်ရိုက် ပျံသန်းသည့် အဲမန္တလေးရပ်နားသွားခြင်းကိုသာ အထူးတလည်ကျေးဇူးတင်မိရင်း အထီးကျန်နေသည့် ဂလိုဘယ် တို့ ၏မွေးရပ်မြေကို သာလွမ်းဆွတ်လို့ နေပါတော့သည်။ မကြာမှီ ဂလိုဘယ်တို့ ကိုလာကြို တဲ့ဘလော့ဂါမမ ပန်းပုံပြင်နှင့် မအလွမ်းပြေ တို့ အူရားဖားရား ရောက်လာပါသည်။ သြော် ဂလိုဘယ် တို့ ချင်းမိုင်ကို ခရီးဆက်ရဦးမည် မဟုတ်ပါလား….(ဆက်ပါဦးမည်)

Friday, September 12, 2008

ချင်းမိုင်နေ့ စွဲများကိုဘာသာပြန်ခြင်း

ချင်းမိုင်ဆိုတာကြားဖူးပါသည် ဇင်းမယ်ဆိုတာကြားဖူးပါသည်။ သို့သော် ဂလိုဘယ်မရောက်ဖူး။ အခုတော့ စိုင်ကော်လို ချုံပေါ်ရောက် မဟုတ်ပါ ကံကော်လို ချင်းမိုင်ရောက်လို့  ဆိုရပေလိမ့်မည်။ ဂလိုဘယ်၏ ပြည်ပခရီးက ပထမဆုံးအကြိမ်မို့  လည်လည်ဝယ်ဝယ်မရှိလှပါ။ သို့ သော်အသစ်ဆောက်ထားသည့် နိုင်ငံတကာလေဆိပ်သစ်ကြီးကို ခပ်တည်တည်သာ ၀င်ခဲ့သည်။

အတားအဆီးများကို ဖြတ်ကျော်ပြီးသကာလ သီးသန့်ဆေးလိပ်သောက်ခန်းထဲဝင်ကာ စီးကရက်ထိုင် ဖွာရင်း ခမ်းနားလှတဲ့လေဆိပ်သစ်ကြီးကိုသာ ပီတိဖြစ်ရင်းလေယာဉ်စောင့်နေခဲ့ပါတောတယ်။ ထိုစဉ် ဆေးလိပ်သောက် ခန်းထဲ့ဝင်လာသူက ရာမ သြော်မှားလို့  ဒဿဂီရိ သချာအောင်ပြောရရင် လင်္ကာဒီပချစ်သူ၊ အရပ်ရှည်ရှည် ဆံပင်ဂုတ် ထောက်နှင့် အသားခပ်လတ်လတ် မျက်မှန်နဲ့  သူမှသူအစစ်ပါပဲ၊ မလွဲပါဘူး။ ဂလိုဘယ်သွားနှုတ်ဆက်မိပါသည်

“ဆရာ ကျွှန်တော်ဂလိုဘယ်ပါ၊ ဆရာက ဆရာချစ်ဦးညိုနဲ့ တူတယ်”။

ဆရာက “ဟုတ်ပါတယ်။ ကျွှန်တော် ချစ်ဦးညိုပါ”ဟု ပြုံးပြီးတော့နှုတ်ဆက်ပါတယ်။

“ကျွန်တော်က ဆရာ့စာဖတ်ပရိသတ်တစ်ယောက်ပါ။ ဆရာနဲ့တူလို့ လာနှုတ်ဆက်တာပါ။ ကျွန်တော် ချင်းမိုင်မှာ ကျောင်းသွားတက်မလို့ဆရာ။ တိုက်ရိုက်လေကြောင်းလိုင်းမရှိတာနဲ့ ဘန်ကောက်ကနေ တဆင့်ကားစီးပြီး သွားရမှာ။”

ဆရာက “ဒါဆို ကိုယ်နဲ့ တူတာပေါ့။ ဆရာတို့က ရသစာပေရေးတဲ့လူတွေချည်းပဲ ရွေးဖိတ်တဲ့ တောင်ကိုရီး ယားက ရသစာပေဆိုင်ရာ ဖိုရမ်တစ်ခုသွားတက်မလို့။ ဆရာရယ် ဆရာမမြနှောင်းညိုရယ် နောက်ပြီး ဆရာမ(နာမည် မေ့နေပါသည်)ရယ်သုံးယောက်ပါမယ်။ ဆရာမတွေက အပြင်မှာ စောင့်နေကြတယ်။ မောင်ရင်နဲ့ လေယာဉ် တစ်စီးတည်းပဲ။ လေယာဉ်ချိန်လည်းနီးနေပြီ ကျွှန်တော်တို့အပြင်ထွက်ကြရအောင်”ဟု ဆရာက ဦးဆောင်ခေါ်ပါသည်။

အပြင်ရောက်တော့ ဆရာမတွေနဲ့ မိတ်ဆက်ပေးပါသည်။ ဂလိုဘယ်ကလည်း အတူ ကျောင်းသွားတက်မယ့် မိတ်ဆွေကောင်မလေးကိုပါ ဆရာ၊ ဆရာမတွေနဲ့ မိတ်ဆက်ပေးပါသည်။ မောင်ရင်တို့ ဘာများ စားပြီးပြီလဲလို့ ဆရာကမေးပါသည် အမှန်အတိုင်းပြောရရင် ဂလိုဘယ်တို့ နှစ်ယောက်စလုံး ဘာဆိုဘာမှမစားရသေးကြေင်း အမှန်အတိုင်းပဲဖြေလိုက်ပါသည်။

‘‘ဟာ...ဒါဆိုအတော်ပဲ ကျွန်တော်တိုဆီမှာအိမ်ကထည့်ပေးလိုက်တဲ့ ဟမ်ဘာဂါတွေ ပါတယ်။ ကျွန်တော်တို့ စားပြီးသွားပြီ ခင်ဗျားတို့ စားကြချေ”လို့ ဆရာက ဖော်ရွေစွာ ထုတ်ကျွေးပါတော့တယ်။ အော်...ဒါ မြန်မာ့ စေတနာ မြန်မာ့လှုမှုရေး။ မုန့်စားရလို့ ဂလိုဘယ်ပြောနေတာမဟုတ်။ အပြင်ရောက်လေလေ မြန်မာတွေ ဘယ်လောက် စည်းလုံးတယ်ဆိုတာ လေဆိပ်ကတည်းက သက်သေပြလိုက်ပြီ မလုပ်ပါလောမိတ်ဆွေ..(ဆက်ပါဦးမည်)



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်ကြီး၏အတွင်းတစ်နေရာ

Wednesday, September 10, 2008

ခေါင်းစဉ်တပ်ခြင်း

ဦးဟန်သစ်ငြိမ် တိုက်တွန်းလွန်းကို ကိုယ့်ပေါင်ကိုပြန်လှန်ထောင်းမိလိုက်ပါတယ်
ကျေနှပ်ပါ တကယ်မငြိမ်တဲ့ ဦးဟန်သစ်ငြိမ်ရေ

ကိုယ့်ရဲ့နာမည် ………… ဂလိုဘယ်
ကိုယ်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ် ………… အရူးလွယ်အိတ်
ကိုယ်ဒီမှာနေတယ်………… အိမ်ဝါတော် (ဆေးအ၀ါသုပ်ထားလို ဘုရ်ုနဲ့ နည်းနည်း ဆင်တယ်)
ကိုယ့်ဆီဖုန်းဆက်ချင်ရင်………… နံပါတ်နှိပ်ပါ
ကိုယ့်ရဲ့အကြိုက်ဆုံးတွေက
အရောင်ဆိုရင်………… ယစ်ရွှေရောင်
အ၀တ်အစားဆိုရင်………… မ၀တ်သလောက်ပဲ(အဲမှားလို မ၀ယ်သလောက်ပဲ)
အစားအစာဆိုရင်………… အကုန်တီး
ပစ္စည်းဆိုရင်………… မမက်မောပါဘူး
သီချင်းဆိုရင်………… အသံထွက်မှ
စာရေးစာဆရာ………… ဆရာရေးတဲ့စာ
စာအုပ်………… အကုန်လုံး
Life style………… ပေါ့ပေါ့ပါးပါး သွားသွားလာလာ
ကိုယ့်ရဲ့ဝါသနာ………… လမ်းသလားခြင်း
အလိုချင်ဆုံးလက်ဆောင်………… ယမကာ
ကိုယ့်ရဲ့ အချစ်ဆုံးသူက………… ၀တုပ်ကြီး
ကိုယ့်ရဲ့ အလေးစားဆုံးသူက………… ကိုယ်ကိုတိုင်ပဲ
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက………… ယမကာသောက်ဖိုခေါ်တဲ့သူ
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက………… အမေ
ကိုယ့်ရဲ့ အမုန်းဆုံးသူက………… စိတ်ထားညံတဲ့သူ
ရင်အခုန်ဆုံးအချိန်………… လူ့ လောကစရောက်တဲ့အချိန်
အကြောက်ဆုံးအချိန်………… မသောက်ရတဲ့အချိန်
အပျော်ဆုံးအချိန်………… မရှိသေးဘူး
အမှတ်တရနေ့………… မှတ်မှမထားတာ
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………… အလုပ်မလုပ်ဘဲချမ်းသာပါစေ
အချစ်ဆိုတာ………… အမြစ်တွယ်တက်တယ်
အမုန်းဆိုတာ………… အချစ်အနားမှာရှိတယ်
အလွမ်းဆိုတာ………… မမြည်းစမ်းကောင်းဘူး
သံယောဇဉ်ဆိုတာ………… ဖြတ်မရတဲ့ကြိုး
ဘ၀ဆိုတာ………… တိုတိုလေး
သူငယ်ချင်းဆိုတာ………… ငယ်သူချင်းပေါင်းဖက်တာ
ချစ်သူဆိုတာ………… သူနဲ့ ချစ်တာကိုပြောတာ
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………… အရူးကြီး
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………… စိတ်ထားကောင်းဖို့ ပထမ
အပြောချင်ဆုံးစကားတစ်ခွန်း………… သောက်ရင်ခေါ်လိုက်ပါ

Tuesday, September 2, 2008

သတင်းများနှင့်ကခုန်ခြင်း (၂)

ဒီတစ်ပတ်တော့ ဂလိုဘယ်အပြင် မသွားဖြစ်ခဲ့ပါဘူး။ အလိမ်အကောက်တွေ များခဲ့တဲ့ တရုပ်အိုလံပစ်ပိတ်ပွဲ လည်းမတက်ခဲ့ပါဘူး။ ဒီမိုကရေစီနိုင်ငံ အချင်းချင်းစစ်တိုက်ကြတဲ့ ရုရှား၊ဂျော်ဂျီယာ အရေးအခင်းကိုလည်း မရောက်ခဲ့ပါဘူး။ အာဏာရပါတီတွေရဲ့ မတည်မြဲတဲ့ပါကစ်စတန် အကြောင်းလဲကို လည်းစိတ်မ၀င်စား တော့ ပါဘူး။ လက်ရှိအာဏာရအစိုးရ ကိုဖြုတ်ချဖို့  ကျိုးစားနေတဲ့ ထိုင်းနိုင်ငံရဲ့ ဆန္ဒပြသူတွေရဲ့ ပုံရိပ်တွေကိုလည်း အထူးတလည် မဖေါ်ပြတော့ပါဘူး။ (စာရေးနေရင်းနဲ့  ထိုင်းနိုင်ငံနိုင်ငံရေး အလှုပ်အရမ်း ကကြမ်းတမ်းနေ တော သီးသန့် ဖေါ်ပြပေးမယ်) တကယ်တော့ အကြောင်းရှာတော့ ခေါင်းမှာချာချာလည်ဆိုသလို သတင်းတွေကလည်း ဂလိုဘယ် အနီးအနားမှာ ရစ်သီရစ်သီနဲ့  ၀ဲချင်တိုင်းကိုဝဲ နေတော့တာပါပဲ။ ဂလိုဘယ်စက်တိုက်ကံဆိုးနေတာ လားတော့မသိ နာဂစ်တိုက်လိုက်လို့  ဆုံးရှုံးမှုတွေကို ရေတွက်လိုမပြီးခင် မိုးကုတ်မြေပြိုမှုကို အကြောင်းအရင်းရှာနေတုန်း၊ ပဲခူးရေကြီးမှု ကလာပြန်ပြီ သဘာဝကြီးကပဲ မကောင်းတာ လား၊ လူတွေကဘဲမကောင်းတာလား၊ လူတွေမကောင်းလို သဘာဝကြီးကလိုက် မကောင်းရတာလား အမှန်အမှား၊ အကျိုးအပြစ်ကို ဂလိုဘယ်မသိပါ။ ကံကောင်းမှုတွေလာဖို့ ကအနှစ်နှစ်ဆယ် တောင်ကြာခဲ့ပြီ နော် မလာသေးဘူး၊ မြန်မလားကြာ မလားလဲ ဂလိုဘယ်မသိပါဘူး။ အခုတလော အက်အီးစီ ဈေးနှုန်းတွေ ကလည်းတက်လိုက် ကျလိုက်နဲ့  လှိုင်းစီးနေရသလို မှုးနောက်မှုးနောက်နဲ့ ၊ ငွေကြေးမငြိမ်တာ နိုင်ငံမငြိမ်လို လား နိုင်ငံမငြိမ်လို ငွေကြေးကမငြိမ်ရတာလား ဖြေပေးကြပါအုံး ပရိသတ်ကြီးရေ။ ဂလိုဘယ်မသိလိုပါနော်။ ဒီတစ်ခါလည်း ချန်ထားလို့ မရတဲ့ မျက်နှာမည်းကြီး ဂမ်ဘာရီရဲ့  ပုံရိပ်တွေကိုလည်း အသားပေး ဖေါ်ပြချင်ပါသေးတယ်။ ဂလိုဘယ် နိုင်ငံရေးပြောသည်မဟုတ် နိုင်ငံရေးဆိုတာကြီး ကိုလည်းဂလိုဘယ်မသိပါ၊ မတက်ပါ။ မှတ်မိလွယ်တဲ့ မျက်နှာကြီးက ဂလိုဘယ်တို့  ဆီစိုက်ရောက်လို့  လာခဲ့ပြန်ပြီနော်၊ ဟိုဘက်ဒီဘက် တွေကြ ဆုံကြ၊ ပြောကြဆိုကြနဲ့  မြန်မာဇတ်လမ်းတွေ ကြည့်ရသလိုဘဲ ဘယ်လိုဖြစ်ပြီးပြန် သွားရမယ်ဆိုတာ ပရိသတ် ကကြိုသိနေကြပါပြီ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ နဲနဲထူးဆန်းသလိုဘဲနော် ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့  ဖိုကို တွေ့ ခွင့်မပေးလို့ အိမ်အထိသွားပြီးလော်နဲ့  အော်သတဲ့၊ ဒါလည်းမရတာနဲ့ စာရေးပြီး ပေးသတဲ့ စာလည်း မယူတာနဲ့ ခြံရှေမှာကပ်ထားခဲ့ ရတယ်ဆိုပါရောလား ဂလိုဘယ်ကတော့ ထူးဆန်းနေသလိုဘဲ နိုင်ငံတော် ဧည့်ဂေဟာကလွဲပြီး တစ်ခြားဘယ်နေရာမှာမှ တွေခွင့်မပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေဆုံဖိုအိမ် အထိအောင် နိုင်ငံတော် အစိုးရက လိုက်ပိုပေးသတဲ့၊ စဉ်းစားစရာ၊ တွေးစရာ၊ ပြောစရာ၊ ရေးစရာ၊ တွေတပုံ တပင်ကြီး ထားခဲ့တဲ မျက်နှာမည်းကြီး ဂမ်ဘာရီရဲ့  အပြန်ခရီးကို တောဖြင့် ဂလိုဘယ်လိုက် မပို့ ဖြစ်တောပါ။