Friday, September 19, 2008

အိုင်တီကိုကျော်ကြည့်ခြင်း

လွန်ခဲ့သောအချိန် တော်တော်ကြာကပင် ရေးချင်လှသော အိုင်တီကိုကျော်ကြည်ခြင်းဒိုင်ယာလော့ကို ကျွန်တော် ဂလိုဘယ်သည် သောက်ဖေါ်သောက်ဖက် ကိုကိုဖရီးကို အတင်းအပူကပ်ပြီး ရေးခိုင်းခဲ့ သည့်အတွက် ကိုကိုဖရီတစ်ယောက် သောက်ချိန်များပဲ့ပါနိုင်ပါသည် ခွင့်လွတ်ပါ ကိုကိုဖရီးခင်ဗျား...

ဂလိုဘယ်ကို ကြီးကျယ်တယ်လို့ ထင်ချင်လည်း ထင်ပါတော့၊ ခင်ဗျားနဲ့ ကျွှန်တော်ရဲ့ ဒိုင်ယာလော့မှာ ဒီခေါင်းစဉ်နဲ့ ပဲစလိုက်ကြ အောင်ဆို့ လား ကိုကိုဖရီးရေ...


ဂလိုဘယ် ။ ကိုကိုဖရီးရေ ၂၀ရာစုနှောင်းပိုင်းထဲက ကမ္ဘာကြီးပေါ်မှာ ဖွံ့ ဖြိုးပြီးနိုင်ငံ ရောဖွံ့ ဖြီုးဆဲနိုင်ငံ တွေပါမကျန် အိုင်တီ...အိုင်တီဆိုပြီး ကျယ်ကျယ်လောင်လောင်နဲ့ အောင်ဟစ် လိုက်ကြတာဖြင့် ကျွှန်တော်တို့ အချိန်တွေ တော်တော် ကြာခဲ့ပြီမဟုတ်ပါလား ကိုကိုဖရီးရေ၊ ဒီအချိန်တော့ဖြင့် ကိုကိုဖရီးနဲ့ ဂလိုဘယ်တို အိုင်တီကိုကျော် ကြည့်လိုက်ရင်ဖြင့် ဘာတွေလာ နေပြီဆိုတာ မြည်းစမ်းကြည့် ရအော်လား ကိုကိုဖရီးရေ။

ကိုကိုဖရီး ။ ဟုတ်ပါရဲ့ဗျာ။ အိုင်တီကို အားလုံးအလေး ထားလာပါတယ်။ ဒါပေမယ့် အိုင်တီကို အလုံးလား အပြားလား စိတ်မ၀င်စားသေးတယ် နိုင်ငံတွလည်းရှိပါရဲ့။ ဥပမာ..အာဖရိကနိုင်ငံတွေ၊ ဖွံ့ဖြိုးမှုနည်းတဲ့ ကုန်းတွင်းပိတ် နိုင်ငံငယ်လေးတွေ (landlock) လေးတွေပေါ့။ ဒီနိုင်ငံတွေမှာ အိုင်တီထက် အငတ်ဘေး မဆိုက်ရေး၊ အာဏာလက်ကိုင် ထားနိုင်ရေးတို့က ပိုအရေးကြီးနေတယ်လေ။ သေချာတာကတော့ အိုင်တီအလွန်မှာ ပိုထိတ်လန့်စရာကောင်း တာတွေ ရှိနိုင်တယ်ဆိုတာပဲဗျ။

ဂလိုဘယ် ။ ကိုကိုဖရီးရေ မြန်နှုန်းမြင့် အိုင်တီခေတ်ကြီး ကတော့အဆိုးအကောင်း ရောမွှေတိုက် လိုက်တာဖြင့် ဂလိုဘယ်တို့ မှာအကွဲအပြဲနဲ့ ပါဘဲ။ ကိုအိုင်တီကို စိန်ခေါ်ထိုးမယ့်သူရဲ့  တိုက်ကွက်တွေကကော ဘယ်လိုရှိနိုင်မလဲ ကိုကိုဖရီးရေ အပြောလွယ်သလောက် အလုပ်များခက်နေမလားလို၊ ကိုကိုဖရီးကကော ဘယ်လိုထင်သလဲဗျို့  သိစမ်းပရစေအုံး..

ကိုကိုဖရီး ။.တိုက်ကွက်ကတော့ ရှင်းပါတယ်။ သူ့အမြီးနဲ့ သူကိုပြန်ထိုးဆိုသလိုပေါ့။ အိုင်တီဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဖြစ်နိုင်တယ်လေ။ အိုင်တီကြောင့် စိန်ခေါ်မှုတွေရှိလာတာကတော့ အများကြီးပဲဗျ။ နောက်ဆုံး လူဟာ လူဆိုတဲ့အသိအစား virtual sense ဆန်ဆန် ပြောင်းလဲလာနိုင်တယ်လေ။ ဒါပေမယ့် အနီးကပ်ဆုံး စိမ်ခေါ်မှုကတော့ အိုင်တီဟာ စစ်ပွဲတွေကိုမတားဆီး နိုင်ဘူး ဆိုတာပဲလေ။

ကိုကိုဖရီး ။ ။ အိုင်တီရဲ့နည်းပညာတွေကို ဘယ်သူတွေကလဲ ချုပ်ကိုင်ထားလာနိုင်သလဲ။

ဂလိုဘယ်။ ကိုကိုဖရီးရေ နည်းပညာတွေကို ဘယ်သူကမှ ရေရှည်ထိန်းသိမ်း လို့ ရမှာ မဟုတ်ဘူး ကိုကိုဖရီးရဲ့  ၂၀ရာစု အနှောင်းပိုင်းထဲက ပေါက်ကွဲထွက်လာတဲ့ နည်းပညာသစ်တွေဟာ ကမ္ဘာကြီးကို ထူးထူးခြားခြား ပြောင်းလည်း စေခဲ့တာကို အားလုံးလက်ခံခဲ့ကြတာပဲ။ ဒိုးယိုပေါက်ဖြစ်နေတဲ့ ယနေ့ ကမ္ဘာလောကမှာ နည်းပညာတွေကို ထိန်းချူပ်မဲ့ အစားမှန်ကန်တဲ့ ကောက်ယူသုံး စွဲမှုကိုသာအဓိက ထားစဉ်းစားရမယ်လို့ ထင်တာပဲ ကိုကိုဖရီးရေ

ကိုကိုဖရီး။ ။ အိုင်တီသမားတွေဟာ အုပ်ချုပ်ရေးက လူတွေနဲ့ ရေရှည်မှာ တစ်သားတည်းကျမှာလား။ ဒါမှမဟုတ် သူတို့ဟာ လူတန်းစားသစ် တစ်ရပ် အဖြစ်ရှိလာမှာလား။

ဂလိုဘယ်။ အုပ်ချုပ်ရေး ယန္တရားကလူတွေ ဘယ်လောက်အထိ ကောက်ယူသုံးစွဲသလဲ ဆိုတဲအပေါ်မှာသာ အကြောင်းခံ ရတော့မှာဘဲ ကိုကိုဖရီးရေ အိုင်တီနည်းပညာဆိုတာ လူတိုင်းအသုံး ချသင့်တဲ့ ပညာရပ်ပါ လူတန်းစားသစ် တရပ်လိုဖြစ်နေသေးတယ် ဆိုရင်တော့လူတိုင်း ကျယ်ကျယ် ပြန့် ပြန့်  လက်လှမ်းမမှီ သေးဘူးလို့ ဆိုရမှာဘဲ၊ နိုင်ငံအုပ်ချုပ်နေတဲ့ အစိုးရတွေရဲ့  ပညာကြီးမှုပေါ် မှုတည်နေမလားဘဲ ကိုကိုဖရီးရေ (ဆက်ပါဦးမည်)

3 comments:

Anonymous said...

ကျုပ်တင်တာကတော့ အိုင်တီသမားဆိုတာက အစိုးရနဲ့ ဘယ်တော့မှ လက်တွဲမယ်မထင်ဘူး။ ဘလော့ဂ်ဂါဆိုတာကလည်း မီဒီယာသမားပုံစံမျိုးနဲ့ အစိုးရနဲ့ ပြည်သူတွေကို ကြည့်နေမှာပဲ။ မဟုတ်တာလုပ်ရင်တော့ ပြောမယ်ဆိုတဲ့သမားတွေလေ။ ဒါပေမဲ့ ဘလော့ဂ်ဂါတိုင်းတော့ မဟုတ်ဘူး

လင်းဦး(စိတ်ပညာ) said...

ဆွေးနွေးထားတာလေး ကောင်းတယ်ဗျ။ ဆက်လက်မျှော်နေပါတယ်

ဇင်ယော် said...

အိုင်တီဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဖြစ်နိုင်တယ်။ အဲဒါ အမှန်ပဲဗျို. တချို.တွေ အတတ်ကျူးပြီး ဗိုင်းရပ်စ်တွေ ရေးရတာနဲ့ ၊ ထရိုဂျန်တွေ ရေးရတာနဲ့ ၊ key logger တွေ လျှောက်ထည့်ရတာနဲ့  ဟုတ်နေတာပဲဗျ။ ဘေးထွက်ဆိုးကျိုးတွေပေါ့ဗျာ။