Wednesday, August 27, 2008

သတင်းများနှင့်ကခုန်ခြင်း

ဤနေ့သည် ၈.၈.၂၀၀၈ ရက်နေ့ ဖြစ်သည်။ ခြေများ၊ လမ်းများတက်သော ကျွန်တော် ဂလိုဘယ်သည် များပြားလှသော သတင်းများဧ။် ခေါ်ဆောင်ရာနောက်သို့ မြူးထူးကခုန်ကာ လိုက်ပါခဲ့သည်။ ဂလိုဘယ် ပထမဆုံး ရောက်သွားတဲ့ နေရာက အာရှဘီလူးကြီးတို့၏ ဌာနေပေကျင်းမြို့ ရှိသံမဏိဘောင် များ ဖြင့်လက်ယှက် ထိုးကာ တည်ဆောက်ထားသော ငှက်သိုက်ပုံရှိ အိုလံပစ် အားကစားပွဲတော် ကြီး၏ဖွင့်ပွဲ အခမ်းအနား ကျင်းပမည့် အားကစားကွင်းကြီး ပင်ဖြစ်ပါသည်။ ဟုတ်ပါသည်။၂၀၀၈ခုနှစ် အိုလံပစ်ပြိုင်ပွဲကြီးကို တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပနေပါသည်။ တကယ်တော့ ၂၀၀၈ခုနှစ်အိုလံပစ်အားကစား ပြိုင်ပွဲကြီးသည် လွယ်လင့်တကူ ချောမွေ့စွာ ဖြစ်ပေါ်လာခဲ့သည် တော့မဟုတ်ပေ။ တိဘတ်ဘုန်းတော်ကြီးများ အရေးအခင်း၊ လူ့အခွင့်အရေး ဆိုင်ရာတောင်း ဆိုသည့် ကမ္ဘာ့ခေါင်းဆောင်များ၏ ဝေဖန်သံများကြားမှ ကျင်းပရခြင်း ဖြစ်ပါသည်။ ကန့် ကွက်သူကကန့် ကွက်၊ ဝေဖန်သူက ဝေဖန် နဲ့ ခရီးလမ်းက ကြမ်းတမ်းခဲ့ပါသည်။ သို့သော် ဂလိုဘယ် အံ့သြလှပါသည်။ အိုလံပစ်အားကစား ပြိုင်ပွဲကြီးဧ။် ဖွင့်ပွဲအခမ်းအနားကို အမေရိကန် သမ္မတကြီးဘုရှ် တက်ရောက်ခဲ့ပါသည်။ တရုပ်နှင့်အမေရိကန် သည်ကျပ်စေ့ဝိုင်း တစ်ခုလိုခေါင်းနှင့်ပန်း ခွဲခြားမရသည့် သဘောဆောင် နေပြီးလား၊ ဂလိုဘယ်မသိပါ။ ခေါင်း ထောင်လာတဲ့ ရှရှားနဲ့  လူပြောများတဲ့ အီရန်၊ အီရတ်၊ မြောက်ကိုရီးယား ကကော ဘယ်နေရာမှာ မှေးဆက်မှာလဲ။ ဂလိုဘယ်မသိပါ။ အိုလံပစ် အားကစားပွဲတော်ကြီး၏ ဖွင့်ပွဲ အခမ်းအနားကြီးက တကမ္ဘာလုံးကို လှပစွာ တင်ဆက် နေပါသည်။ ရိုးရာ ကကွက်အလှအပများ၊ နည်းပညာ၏ ဆန်းသစ်မှုများက ရင်သပ်ရှုမြော ဖွယ်ကောင်းလှပါသည်။ အထူးခြားဆုံး တင်ဆက်မှု ကတော့ လိုကယ် (Local)နှင့် ဂလိုဘယ် (Global) ပေါင်းစပ်ထားသည့် တင်ဆက်မှု များပင်ဖြစ်ပါသည်။ ထိုသို့ တရုပ်ဧ။် ဖြစ်ထွန်းမှု များကိုငေးမောနေစဉ် ရှရှားနဲ ဂျော်ဂျီယာ အရေးအခင်း က၀င်လာ သည်။ အား…..ပူလိုက်တာ စစ်မီးတွေ.......လာနေပြီ….. နိုင်ငံအပြင်ဘက် ကြီးဘဲသွားနေ တာညောင်းလာလို့ နေရပ်ကိုပြန်တော့ ကူဝိတ်က ကုန်သည်တွေ စီးပွားရှာဖို့ လာသွားသတဲ့၊ ကုန်ပါပြီးသဘာဝ အရင်းအမြစ်တွေ၊ နောက်ပြီး လူ့ အခွင့်အရေး ဆိုင်ရာလူ တွေကလည်း သွားလိုက် ပြန်လိုက်နဲ့အနှစ် နှစ်ဆယ်လည်းကြာ သွားပါပြီ ၊လှိုင်က္ကသိုလ်ကြီးကိုအိမ်ရာဆောက်မယ့် ကိုမောင်ဝိတ်ကို ဆေးမှုနဲ့ရုံး ထုပ်တော့မယ်တဲ့ ရုံးတွေဂတ်တွေ အသံကြားတော့ ဆရာဇော်သက်ထွေးကို တောင် လှမ်းပြော လိုက်ချင်တယ်။ ပရိးမီးယား ဘော်လုံးပွဲတွေ စနေပြီးလို့။သို့ သာ် အခွင့်မသာပဲ ကိုစန်းဦးရဲ့ စိတ်ကူးချိုချို ကိုးနှစ်မြောက်စာအုပ် ရောင်းပွဲကျင်းပရာ လောကနတ် ပန်းချီပြခန်း ကိုသာချီတက်ရင်း ဆရာပေါ်ဦးသက်ကိုသာ နှုတ်ဆက်လိုက် ရပါတောသည်။ ပန်းချီဆိုလို ဆရာဦးမျိုးခင်က ၂၀၀၈ခုနှစ် အိုလံပစ်ပြိုင်ပွဲ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲမှာ ဆုရလိုက်လို့ မြန်မာ့ပန်းချီ လောကကို မည်သို့ ပြောရမည်နည်း။ ဂလိုဘယ် မသိပါ….ထိုသိုဖြင့် အရှေ့နှင့်နောက်၊ လိုကယ်(Local)နှင့် ဂလိုဘယ်(Global)တို့ ပူးပေါင်း ကခုန်သည့် နေ့ ၊ ဂလိုဘယ်ဝမ်းနည်းခဲ့သည့် နေ့သည်က ၈.၈.၈.၈ ဖြင့်သာ အိပ်ဆက်ကြပါစို ။

No comments: