Sunday, August 17, 2008

ဂလိုဘယ်ရောဂါ

ဂလိုဘယ်လာပြီှးဗျို့ .....ခြေများ လမ်းများသောလူတစ်ဦးလည်းဖြစ်ပါသည။် ပျော်အောင်လည်းနေပါသည်။ စုံအောင်လည်းလုပ်ပါသည။် ဂလိုဘယ် ကြီးပြင်းရာနေရာ ပတ်ဝန်းကျင်နှင့်မိတ်ဆက်ပေးချင်ပါသည။် ထိုနေရာသည် ထူးခြားလှပါသည် ယခင်ကအုပ်ဆိုင်းနေသောသစ်ပင်ကြီးများနှင့်အတူ ကာတွန်းဖေသိန်း၊ ဆရာသော်တာဆွေ ၊မောင်ကြေးမုံ တို့ ကစပြု မောင်မောင်ခင်အောင်၊ ဘိုဘိုဟန်၊ရီဇော်၊ပန်းချီမျိုးမြင့်၊ ကာတွန်းဝင်းထွန်း၊ လင်းရောင်တင်၊ ဒီဇိုင်းမျိုးဆွေသန်း၊လေးဖြူ ၊ ဖေသစ်တည်၊ တော်တီဆွေ.......စသည်အနုပညာရှင်များ၏ အောင်မြေလည်းဖြစ်သောကြောင့်ထူးခြားသည် ဟုဆိုရခြင်းဖြစ်ပါသည်။ ထိုသို့ အစဉ်အဆက် နေထိုင်ကြသည့်ပတ်ဝန်းကျင်တွင်ကြီးပြင်း လာသော ဂလိုဘယ်တွင် အနုပညာ ပိုး ကပါလာပါသည် သို့ သော်ချောက်တီးချောက်ချက်လောက်တောင် မရေးတက်၊မဆိုတက်ပေ။ စာရေးကလည်းပျင်း၊ အရေးသားက လည်းဖျင်း ဆိုသလို ပိုးပါလာသည်မှလွဲ၍ ဘာမှမလုပ်တက်ပေ။ သို့ သော်ထိုပိုးသည်ငြိမ်ငြိမ်မနေ တစ်နေ့ တခြားပို၍ဆိုးလာရာ ရောဂါ အဆင့်သိုရောက်လာပါတော့သည်။ ထိုသို့ မရေးရမနေနိုင်အောင်ဖြစ်နေသည့် ကျွှန်တော့ရောဂါကို ဂလိုဘယ် ဘလော့ဖြင့်ကုစားလိုက်ရပါတော့သည်။ ရေးတက်လို့ တော့မဟုတ်ပေ...ရောဂါကုခြင်းသာဖြစ်ကြောင်းကိုသာ မိတ်ဆက်လိုက်ပါကြောင်း ...... ဘလော့ဂါအပေါင်းတိုရေ.................................................

1 comment:

Anonymous said...

စောင့်နေတယ်ဗျို့... ဆက်ရေးဗျ...

မကြာမီ၊ လာမည်၊ မျှော်.... တော့မလုပ်နဲ့ဗျာ။